Monday, March 8, 2010

သက်ဆုံးတိုင်သည့် သစ္စာရှင် (သို့) Hachiko

Drama ဇတ်လမ်း အေးအေးလေးတွေ နှစ်သက်တဲ့ သူတွေအတွက် ရုံးပိတ်ရက်လေးမှာ ကြည့်ခဲ့တဲ့ Hachiko: A Dog's Story ဆိုတဲ့ ရုပ်ရှင်ကားလေးကို မျှဝေလိုက်ပါတယ်။ Richard Gere သရုပ်ဆောင်တဲ့ ရုပ်ရှင်ကား တော်တော်များများကို မလွတ်တမ်း ကြည့်ဖြစ်တဲ့ ကျမကတော့ Pretty Woman (1990) မှာကတည်း သူ့ရဲ့ သရုပ်ဆောင်ချက်တွေကို ကြိုက်ခဲ့တာပါ။ အခု ဒီဇတ်လမ်းလေးကလည်း Drama ရိုးရိုးလေးနဲ့ စကားပြောခန်း သိပ်မပါပဲ သရုပ်ဆောင်ချက်လေးတွေ ပတ်ဝန်းကျင် အနေအထားလေးတွေကို ရိုက်ပြပြီး လိုချင်တာကို ပုံဖေါ်သွားတဲ့ ရုပ်ရှင်လေးပေါ့။

ချမ်းအေးလွန်းတဲ့ ဆောင်းညလေးမှာ ဘူတာရုံလေးနားကနေ ကောက်ရခဲ့တဲ့ ခွေးလေးတကောင်ကို သံယောစဉ်တွယ်ခဲ့သူ။ သားသမီး တယောက်လို ကျွေးမွေးခဲ့ပြီး ကြင်နာခဲ့တဲ့ သခင် အဖြစ်နဲ့ အနုပညာ ကောလိပ်က Professor အဖြစ် Richard Gere က သရုပ်ဆောင်ထားပါတယ်။ သခင်ဆိုတာ ဘယ်သူဘယ်ဝါမှန်း မသိဘဲ ခွေးပေါက်စလေး ဘ၀နဲ့ ရောက်ခဲ့ပြီး ကျွေးမွေးခဲ့တဲ့ သခင်ကို သွားလေရာ တကောက်ကောက်နဲ့ ရုံးပို့ ရုံးကြို တာဝန်ကျေတဲ့ ခွေးလေးအဖြစ် Hachiko တို့က သရုပ်ဆောင်ထားတာပါ။ Richard Gere ရဲ့ သရုပ်ဆောင်ချက်ကလည်း တကယ့်ကို မေတ္တာပြည့်ဝတဲ့ သခင်တယောက်ရဲ့ သရုပ်ကို ပီပြင်စေတယ်။ နှစ်ကာလတွေ ပြောင်းလဲသွားတာကို ဘူတာရုံလေးရှေ့က သစ်ပင်လေးနဲ့ ရိုက်ပြသွားတဲ့ ရိုက်ကွက်လေးက တကယ့်ကို အသက်ဝင်လှတယ်။ ခွေးလေးကိုလည်း အသက်ကြီးလာပြီး လမ်းလျှောက်တာကအစ ဖြေးဖြေးလေးနဲ့ ရိုက်ပြထားတာလေးကလည်း သဘာဝကျတယ်။

တရက်မှာတော့ အမှတ်မထင် စာသင်ရင်း နှလုံးရောဂါနဲ့ စာသင်ခန်းထဲမှာ ရုတ်တရက် ဆုံးပါးသွားပြီး ပြန်မလာနိုင်တော့တဲ့ သခင်ကို ဘူတာရုံလေးမှာ အချိန်မှန် စောင့်ကြိုနေခဲ့တဲ့ ခွေးလေးရဲ့ အဖြစ်။ သခင် အလုပ်သွားကို လိုက်ပို့လိုက်ပေမယ့် မှတ်မိနေတာကတော့ သူ့သခင် ပြန်မလာသေးဘူး ဆိုတာကိုပါပဲ။ သခင်ပြန်အလာကို (၉)နှစ်တိုင် စောင့်မျှော်ရင်း အဲဒီဘူတာရုံလေးရှေ့က သူစောင့်နေကြ အုတ်ခုံလေးမှာပဲ နှင်းတွေနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့နောင်ဘ၀မှာတော့ သူချစ်တဲ့ သခင်နဲ့ ပြန်ဆုံတွေ့ခွင့်ရသွား သလို ပြကွက်လေးက ပရိပ်သတ်ကို နှစ်သိမ့်ပေးလိုက်သလိုပါပဲလေ..။ ရုပ်ရှင်ပြီးသွားတဲ့အထိ ရင်ထဲမှာ နင့်ပြီး ကျန်ရစ်ခဲ့ပါတယ်။


ချစ်ခြင်း မေတ္တာတရားကို သခင်အပေါ်မှာ သက်ဆုံးတိုင်အထိ သစ္စာရှိသွားတဲ့ ဂျပန်နိုင်ငံက ခွေးလေး Hachiko ရဲ့ ဖြစ်ရပ်မှန် ဇတ်လမ်းလေးကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ လူတစ်ယောက်နဲ့ ခွေးလေးတကောင်ရဲ့ သံယောစဉ် မေတ္တာကို ဖေါ်ကျူးထားတဲ့ ဇတ်လမ်းလေးပေါ့။ သူ့ရဲ့ သခင်ကတော့ Tokyo University က Professor Dr. Eisaburo Ueno ဖြစ်ပြီး May 1925 မှာ ဆုံးပါးသွားခဲ့ပါတယ်။ Hachiko ကို 1923 မှာမွေးပြီး 1934 မှာ သေဆုံးခဲ့ပါတယ်။ Hachiko ရဲ့ သစ္စာတရားကို အလေးထားတဲ့ အနေနဲ့ ယနေ့အချိန်အထိ ဂျပန်နိုင်ငံ Shibuya Station ရှေ့မှာ Hachiko လေးရဲ သခင်ကို စောင့်မျှော်နေတဲ့ ရုပ်ထုလေးကို ထုလုပ်ထားတာ တွေ့ရဆဲပေါ့။ ဒီရုပ်ရှင်လေးကို မကြည့်ရသေးသူများ စိတ်ဝင်စားလို့ ကြည့်ချင်ရင်တော့ ပုံလေးကို နှိပ်ပြီး download link လေး ယူနိုင်ပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

29 comments:

Craton said...

ရုပ်ရှင်များ ရုံသွားမကြည့်ဖြစ်တာ တစ်လကျော်ပြီမို့ မသိလိုက်ဘူး။ ၀ယ်ကြည့်မည်။
အဲ့ဖြစ်ရပ်မှန်ကို ဖတ်ခဲ့ဖူးပါသည်။
ရုပ်ရှင်ပြန်ရိုက်တော့လည်း ကောင်းမယ်လို့ ယုံပြီးသားပါ။ အဲ့မင်းသား အဖိုးကြီးကို သိပ်သဘောမတွေ့လှပေမယ့် သူ့အနုပညာကိုတော့ လေးစားပါတယ်။

ကိုရင်နော်ခင်လေးငယ် said...

အစ်မရေ..
ရုပ်ရှင်လေး ဒေါင်းပြီး ကြည့်လိုက်ပါ့မယ်..
ဒီဇာတ်လမ်းလေးကို ကြားဖူးနေပါတယ်.. ခုတော့ သေသေချာချာလေး ကြည့်လိုက်ပါမယ်..

မျှဝေပေးတာ ကျေးဇူးပါ..

အင်ကြင်းသန့် said...

မမရေ...ညီမလေးက ရုပ်ရှင်ကြည့်ရတာ သိပ်ဝါသနာမပါသလို ၀မ်းနည်းစရာ ကြေကွဲစရာကားတွေဆို ပိုဆိုးတယ် ရှောင်ကိုရှောင်တာ...မခံစားနိုင်လို့...ပျော်စရာကားလေးတွေလည်း မျှပေးဦးလေ..အဲဒီအခါကျ ကြည့်မယ်နော် :)


ချစ်တဲ့
ညီမလေး

လိုင် said...

ဇာတ်လမ်းလေးကို စာရေးကောင်းတဲ့သူက ပြန်ရေးပြတော့
ရုပ်ရှင်ကြည့်ရသလို ခံစားလိုက်ရတယ်
မကြည့်တော့ပါဘူး။
လုံလောက်သွားပါပြီ။

Anonymous said...

ညီမရေ.....
ကိုဏီးတို့ကတော့ သိတောင် သိပါဘူးဗျာ......း))
အညွှန်းနဲ့တင်ကြည့်ချင်စိတ် ပေါက်သွားမိတယ်.......း))
ရုပ်ရှင်မကြိုက်လေ.........ကိုဏီးက.......း))
ခင်မင်တဲ့
ဏီလင်းညို

မိုးခါး said...

း(
ငိုရမယ့် ကားကြီးပါလားးးးးးးးးးးးးးးးးး
ယူတော့ ယူသွားဦးမယ် အစ်မရေ

ကျော်သိင်္ခ said...

မ ဒဏ္ဍာရီ ရေ

ကျနော်လည်း Richard Gere ရဲ့ ပရိသတ်တယောက်ပါ။ သူ သရုပ်ဆောင်ခဲ့တဲ့ ကားတွေထဲမှာ ကျနော် အကြိုက်ဆုံးကားတွေကတော့ Pretty Woman နဲ့ Shall We Dance တို့ပါ။ Hachiko ကိုတော့ မကြည့်ဖူးသေဘူး။ ရုံးပိတ်ရက်ကျမှ အချိန်ပေးပြီး ကြည့်ရဦးမယ်။ အခုလို ဇာတ်ကားကောင်းလေးတွေကို မျှဝေတာ ကျေးဇူးပါ။

မြတ်မွန် said...

မမရဲ့ အညွန်းလေးကြောင့် မွန်တော့ သွားကြည့်အုံးမယ် မမရာ..
မမရေးတာ သိပ်တော်တာပဲ..
ချစ်ခင်လေးစားလျှက်

Nge Naing said...

ညီမရေ လာဖတ်သွားတယ်။ ခွေးတွေနဲ့ ပတ်သက်ပြီး အစ်ဘ၀မှာ ဝေဒနာတွေ များလွန်းလို့ ဝေဒနာ ထပ်မဖြစ်ချင်လို့ ရုပ်ရှင်တော့ မကြည့်တော့ဘူး။ အစ်မလည်း တခါလောက် ကြုံခဲ့ဖူးတဲ့ ခွေးတွေအကြောင်း ပို့စ်တခု တင်ချင်သေးတယ်။

Wai said...

Thanks for sharing such a good movie. I like all of Richard Gerer's movie especially pretty woman. I heard about Hachiko long times ago.
Thanks again for the movie download website.I got u...:D

ညရဲ့ကောင်းကင် said...

မမနွယ်......

ကျွန်တော်လည်းကြည့်လိုက်အုန်းမယ်...
အညွှန်းကောင်းလို့ ...ဒါပေမယ့် မျက်ရည်တော့ မကျချင်ဘူးနော်...

Wai Pyo said...

ကြည့်ပြီးရင်တော့ မျက်ရည်ကျမှာ သေချာပါတယ်ခင်ဗျာ။ ကျနော်တောင် ဇာတ်ကားပြီးတဲ့နောက် ၁၅ မိနစ်လောက်ထိကို ရင်ထဲဆို့နေတာ။

ပထမဆုံး ရောက်ဖူးတာပါ။ နောက်လဲလာဖတ်ပါဦးမယ်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ဒဏ္ဍာရီ...

စာအရေးအသား ပြေပြစ် ချောမွေ့ပုံများ.. တကယ့်ရုပ်ရှင် ကြည့်နေရသလိုပါဘဲ။

အခုချက်ချင်း အဲဒီ ရုပ်ရှင်ကို ကြည့်ချင်စိတ်ပေါက်သွားတယ်...

ခင်မင်စွာဖြင့်
ကိုမျိုး

ချော (အစိမ်းရောင်လွင်ပြင်) said...

ဒီဇာတ်လမ်းလေးကို ခပ်ငယ်ငယ်ကတည်းဖတ်ဖူးတယ်
ဖတ်ပြီး မျက်ရည်ကျခဲ့ဖူးတယ်
အခု ရုပ်ရှင်ကားအဖြစ်ပြန်ကြည့်မယ်ဆိုရင်လဲ
မျက်ရည်ကျမိဦးမယ်ဆိုတာ သိနေတယ်..
ခက်တာဘဲ.. ကိုယ်ကလဲအသည်းနုတာလား
ခံစားလွယ်တာလား မသိတော့ပါဘူး ..
ကြည့်ဖြစ်အောင်တော့ ကြည့်ဦးမယ်နော်...

သဒ္ဓါလှိုင်း said...

ခံစားရမဲ့ကားဆိုတော့ကြည့်ဖို့လန့်သွားတယ်။ကြည့်ပြီးရင်ငိုမိနေအုံးမယ်လေမနွယ်..။ ဒါပေမဲ့အချိန်ရရင်တော့ကြည့်လိုက်အုံးမယ်မနွယ်..။ကျေးဇူး...

ခင်တဲ့
သဒ္ဓါ

လူပျိုကြီး said...

ဒေါင်းပြီး ကြည့်လိုက်ဦးမယ် အစ်မရေ

သီဟသစ် said...

မဒဏ္ဍာရီရေ

ရုပ်ရှင်ကြမ်းပိုးသူငယ်ချင်းက သွားကြည့်ပြီး တော်တော်ကောင်းတယ် လို့ပြောတယ်။ ခုမဒဏ္ဍာရီကလည်း ညွှန်းထားပြီဆိုတော့ download ဆွဲပြီး ကြည့်အုံးမှလို့ တွေးမိတယ်။

ဒရာမာကားတွေ မကြည့်ဖြစ်ဘဲ ပျော်စရာကားတွေ ကြည့်ဖြစ်တာ များနေတယ်ဗျ

ခင်မင်စွာဖြင့်
သီဟသစတ်

မြစ်ကျိုးအင်း said...

ဇာတ်ကြောင်းရေးပြတဲ့သူက ထိထိမိမိနဲ့ ရှင်းရှင်းလေး ရေးသွားတော့ ကြည့်ဖြစ်ခဲ့ရင်လည်း စာထဲကလို ခံစားရမယ် ထင်မိပါတယ်။

konyi said...

Hachiko: A Dog's Story စာအုပ်လေးရှိရင် လိုချင်တယ်။ အဆင်ပြေရင် အီးမေးကပို့ပေးပါလားအစ်မ။

ဒဏ္ဍာရီ said...

စာအုပ်တော့ မဖတ်ဘူးပါဘူး ကိုညီ။ လိုချင်တယ်ဆိုရင်တော့ အွန်လိုင်းမှ ရှာပေးကြည့်ပါမယ် သိပ်တော့ မသေချာဘူးနော်။ ရှာလို့ရရင်တော့ ပို့ပေးလိုက်ပါ့မယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Moe Myint Tane said...

မျှဝေပေးတာ ကျေးဇူးပါ မဒဏ္ဍာရီရေ။
လင့်ခ်လေးယူသွားပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

THE STARRY NIGHT said...

ကြည့်လိုက်ပါဦးမယ်ဗျာ........

nyi said...

အဲဒီဇာတ်ကားနာမည်ကြီးပဲ ကြည့်ဘူးတယ်။ စာအုပ်လေးလိုချင်တာ။ အဆင်မပြေရင်လဲရပါတယ်။ ဒုက္ခပေးတာ မဟုတ်ဘူးနော်။ ကျေးဇူးတင်ပါတယ်အစ်မ

သဒ္ဓါလှိုင်း said...

မနွယ်..
အမြဲတမ်း ပိုစ့်အသစ်တင်တိုင်း ဦးဆုံးဖတ်တဲ့၊ အားပေးတတ်တဲ့ မနွယ်ကို ရင်ထဲကနေ ခင်မင်မိတယ်။ ဒါလည်း ရှေးရေစက်နဲ့တူတယ်နော်..။ စာအရေးအသားကောင်းတဲ့ မနွယ်ရဲ့စာပေတွေကိုလည်း အမြဲအားပေးဖတ်ရှုနေမှာပါ။

ခင်တဲ့
သဒ္ဓါ

သဒ္ဓါလှိုင်း said...

မနွယ်...
ဆုမွန်ကောင်းတောင်းပေးတဲ့အတွက်ကျေးဇူးတင်
ဝမ်းမြောက်မိတယ်။ ရင်ဘတ်ချင်းတူတဲ့သူတွေအဖြစ်
အမြဲချစ်ခင်ကြမယ်လို့ယုံကြည်တယ်။

ခင်တဲ့
သဒ္ဓါ

အင်ကြင်းသန့် said...

ညီမလေး သေးသေးလေး ဘယ်မှ မပျောက်ပါဘူးမမ...
နေလည်းကောင်းတယ်...
စာလည်းရေးနေတယ်...
မမကိုလည်း သတိရပါတယ်...
ဟောဟဲဟောဟဲ...မောထှာ...
အပြေးလာပြောတာ... :)))

အင်ကြင်းသန့် said...

ချစ်မမကြီးကို ညီမလေးသေးသေးလေးက တက်ဂ်ထားပါကြောင်း...ဟိဟိ

ဇာနည်မောင် said...

ဒဏ္ဍာရီရေ နေ့တိုင်းနီးပါးပဲရောက်လာပြီးစိတ်ဝင်စားတဲ့ စာတချို့ကို အလွတ်ရအောင်ထပ်ခါ ထပ်ခါဖတ်ဖြစ်ပါ တယ်။

ချမ်းလင်းနေ said...

ကျွန်တော်လဲ ဒီကားလေးကြည့်ပြီးအရမ်းသဘောကျတယ်။ အရင်က ဂျပန်မှာ အလည်သွားတုန်းက ခွေးဘူတာဆိုပြီး ခွေးရုပ်ကလေးနဲ့ ဘူတာဆိုပြီး သူတို့လူမျိုးတွေ ပြောပြလိုသိထားပေမယ့် ရုပ်ရှင်လေးကြည့်လိုက်ရတော့ သစ္စာတရားကြီးမားမှုကို ခမ်းခမ်းနားနား တွေ လိုက်ရပါတယ်။