"မေမေ... နေကောင်းလား?"
"သမီး မြန်မြန်ပြောနော်… ဖုန်းက ဘက်ထရီ သိပ်မရှိဘူး.."
"ဟင်... ဘာလို့လဲ မေမေ.."
"ဟုတ်တယ်... သမီးရေ... မီးက တရက်လုံးနေမှ နာရီဝက်ပဲလာတာ.. ဖုန်းက အားသွင်းဖို့ကို အချိန်ကမလောက်ဘူး.. သွင်းမယ်လုပ်လိုက်ရင်း မီးကပြတ်သွားရင်းနဲ့.. သမီးရော နေကောင်းလား? အလုပ်အကိုင်ရော အဆင်ပြေလား?.."
"မေမေ.. ဒါဆို သမီးအရင်ပြောမယ်... အရေးကြီးလို့.. အလုပ်ကိစ္စအတွက် စာရွက်စာတမ်းတွေလိုနေတယ် အဲ့ဒါ မှာမလို့...."
"အင်း သမီး ဒါဆိုပြောလေ.. ဘက်ထရီက အားတော်တော်နည်းနေပြီ.."
"ဟိုဟာလေ မေမေ သမီးအခန်းထဲက........."
ပြောရင်းနဲ့ ဖုန်းက ကျသွားပါရော.. စိတ်တိုလိုက်တာ..။
ဘက်ထရီက ကုန်သွားပြီထင်ပါတယ်.. ပြန်ခေါ်လို့ကို မရတော့ဘူး..။
"သမီး မြန်မြန်ပြောနော်… ဖုန်းက ဘက်ထရီ သိပ်မရှိဘူး.."
"ဟင်... ဘာလို့လဲ မေမေ.."
"ဟုတ်တယ်... သမီးရေ... မီးက တရက်လုံးနေမှ နာရီဝက်ပဲလာတာ.. ဖုန်းက အားသွင်းဖို့ကို အချိန်ကမလောက်ဘူး.. သွင်းမယ်လုပ်လိုက်ရင်း မီးကပြတ်သွားရင်းနဲ့.. သမီးရော နေကောင်းလား? အလုပ်အကိုင်ရော အဆင်ပြေလား?.."
"မေမေ.. ဒါဆို သမီးအရင်ပြောမယ်... အရေးကြီးလို့.. အလုပ်ကိစ္စအတွက် စာရွက်စာတမ်းတွေလိုနေတယ် အဲ့ဒါ မှာမလို့...."
"အင်း သမီး ဒါဆိုပြောလေ.. ဘက်ထရီက အားတော်တော်နည်းနေပြီ.."
"ဟိုဟာလေ မေမေ သမီးအခန်းထဲက........."
ပြောရင်းနဲ့ ဖုန်းက ကျသွားပါရော.. စိတ်တိုလိုက်တာ..။
ဘက်ထရီက ကုန်သွားပြီထင်ပါတယ်.. ပြန်ခေါ်လို့ကို မရတော့ဘူး..။
************************************
ဘာရယ်မဟုတ်ပါဘူး ဒီနေ့ မေမေနဲ့ ၁ မိနစ်လောက် စကားပြောဖြစ်ရာကနေ စိတ်ထဲ ခံစားလိုက်ရတဲ့ အစာမကြေတာလေးကို ကောက်ရေးလိုက်တာပါ..။
မေမေ့ကို ဖုန်းဆက်ဖြစ်တဲ့ ကိစ္စက အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်းတွေ မှာမလို့.. အလုပ်ကိစ္စ တစ်ခုအတွက် စာရွက်စာတမ်းတွေက အရေးတကြီး လိုနေတာလေ..။ အဲ့ဒါတွေရမှ ဆက်လုပ်လို့ရမှာ..။ အခုတော့ ဘယ်လိုလုပ်ရတော့မလဲ.. ဒီဖုန်းအားမရှိတာနဲ့ ကျွန်မ အလုပ်ကိစ္စတွေ သွားပြီ..။ မနေ့ကတည်းက အိမ်ကို ဖုန်းဆက်နေတာ အကြိမ်ကြိမ်ပဲ ခေါ်လို့ကို မရဘူး...။ ဒီနေ့ လိုင်းရသွားတော့လည်း ဘာမှကိုမပြောလိုက်ရဘူး..။ အိမ်မှာက CDMA ဆိုတော့ မီးမလာရင် ဘာမှ လုပ်မရဘူး..။ အိမ်ကလည်း နည်းနည်း အတွင်းကျပြီး အနီးအနားမှာ လိုင်းဖုန်းကမရှိတော့ အရေးအကြောင်းဆိုရင် အဆက်အသွယ်က ပြတ်ရောပဲ..။
တရက်လုံး နေမှ နာရီဝက်ပဲ မီးလာတယ် တဲ့...
ဘာလုပ်ရမှာလဲ..? ဘာလုပ်ဖို့လဲ..?
နာရီဝက်ပဲ မီးပေးပြီး ဘာလုပ်တာလဲ ဆိုတာ နားမလည်နိုင်တော့ဘူး...။ မီးမလာတော့ ရေပါ တင်လို့ မရတော့ဘူး..။ ရေတင်ဖို့ နေနေသာသာ ဖုန်းအားလေးတောင် ပြည့်အောင် မသွင်းလိုက်နိုင်ဘူးတဲ့..။ ၂၄ နာရီမှာ နာရီဝက်ပဲ မီးပေးတယ်လေ..။
စိတ်ညစ်သွားတယ်.. တော်တော်လေးကို စိတ်ပျက်သွားတယ်..။ အရေးကြီးပါတယ်ဆိုတဲ့ ကျွန်မ အလုပ်ကိစ္စတွေကိုတောင် မေ့ပြီး အတွေးတွေက အမှောင်ထဲကို လုံးလုံးရောက်သွားတော့တယ်..။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ တဲ့... အခုတော့.. မီးကမရှိဘူး..။ မီးမရှိမှတော့ လျှစ်စစ်ပစ္စည်းဆိုတာ အပိုတွေလို ဖြစ်နေတယ်..။ အိမ်မှာရှိနေရင်လည်း ဘာမှမထူးဘူး အမှိုက်ရှုပ်သလိုတောင် ဖြစ်နေအုံးမယ်...။ စိတ်ပျက်တယ် သိပ်ကို စိတ်ပျက်တယ်... ဝမ်းလည်းနည်းမိတယ်..။ အခုကျွန်မရောက်နေတဲ့ နိုင်ငံမှာဆို ၂၄ နာရီထက်ကျော်ပြီး ၁၂ လ ရာသီပတ်လုံး မီးလာနေတယ်... သုံးချင်သလိုသုံး သုံးသလောက် တန်ရာတန်ကြေးတော့ ပေးရမယ်..။ ပေးမယ်လေ.. ပေးပျော်တယ်လေ ..ကိုယ်သုံးလို့ ကိုယ်ပေးရတာပဲ..။ ဒါတောင် ဒီနိုင်ငံက ဘာအရင်းအမြစ်မှ မရှိတဲ့ နိုင်ငံနော်..။ ကျွန်မတို့နိုင်ငံလို ဘာသယံဇာတမှ မထွက်သလို၊ ရေအားလျှပ်စစ် စက်ရုံကြီးတွေ ရှိတာလည်း မဟုတ်ဘူး..။ တွေးရင်းတွေးရင်း အသဲယားလာတယ်.. အခုဆိုရင် ကျွန်မတို့နိုင်ငံက ၁၀ တန်း စာမေးပွဲတွေ စစ်ဖို့ နီးနေပြီ ကလေးတွေ မှောင်မှောင်မဲမဲထဲမှာ စာဘယ်လို ကျက်ကြမလဲ မသိဘူး..။ ဒါပေမယ့် ၂၄ နာရီပတ်လုံး မီးလာနေတဲ့ နေရာတွေလည်း ရှိနေပါတယ်.. ဒီလိုတော့ ပေးထားလို့ ရနေတာ..အဲဒီလို မမျှတာတာလေ.....။
တော်ပါပြီ ဆက်မတွေးတော့ဘူး..
ကိုယ့်မိသားစု တခုတည်း ဖြစ်နေတာမှ မဟုတ်တာပဲ.. အားလုံးလိုလို ဒီကိစ္စတွေ ကြုံနေကြမှတော့...
အများ အမှောင်ထဲထိုင်နေသလို ကိုယ်လည်း လိုက်ထိုင်နေရတော့မှာပေါ့....။
ခေတ်ကြီးကမှ မကောင်းပဲလေ....။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

15 comments:
ဟုတ်ပါ့.. တွေးတိုင်းသာ အသည်းယားရရင်လည်း အသည်းတွေပုပ်ကုန်ပြီဗျာ.. အတူတူပါပဲ ရင်လေးရတာတွေ.. ၀မ်းနည်းရတာတွေ... ကိုယ်ချင်းစာတယ်။
ဒီနေ့ပဲ မာမီ့ဆီဖုန်းဆက်ဖြစ်ခဲ့တယ်.. တော်သေးတာက ဘတ္ထရီကုန်သွားသူက သားငယ်ဖြစ်နေလေရဲ့.. :D
(ညက ဒီရောက်နေတဲ့ ကိုရွာသားလေး(YTU) ဆီသွားတွေ့တာ ညအိပ်ဖြစ်တော့ အားသွင်းဖို့ ကြိုးမပါသွားဘူး။ နောက်တစ်နေ့မနက် အလုပ်တန်းသွား တစ်နေကုန်ဆိုတော့ ညနေလည်းအိမ်နဲ့ဖုန်းပြောရော ကုန်ရေားxxxx)
ဒီလိုပဲ အမရယ် စိတ်လျှော့ စိတ်လျှော့ . . . .
အမှန်တွေ အမှန်တွေ.. အဟ.. သားသားကြောက်ကြောက်.... ဒါပေမယ့်လည်း သူလာလာ မလာလာ ကိုယ်ကစောင့်ရမှာ... မလာလည်း ရပါတယ်... နေတိုးတို့အဖွဲ့ပြောသလို မီးစက်ရှိသားပဲ..... :P
ဟုတ်ပါတယ် မမရယ်..ပြောရရင်တော့ ။ ဒီလို ဘဝက ဘယ်တော့ လွတ်မလပ်ပဲ အိမ်မက်မက်ရတော့မှာပေါ့။
ဟုတ်ပါ့ မမဒီစာကို သက်ဆိုင်သူတွေဖတ်ရရင် မီးစက်တွေက ဘာလုပ်ဖို့လဲပြန်မေးတာပဲ ခံရမှာ :(((
မမရေ..
ပြောရရင်တော့ တစ်ထောင့်တစ်ည ပုံပြင်တွေဖြစ်ကုန်တော့မယ်..
တော်ပြီ...တော်ပြီ..ဒါတွေပြောရင် ဒေါတွေပါလာတော့မယ်
ညီမလေး
အင်ကြင်း
“ကလေးတွေ မှောင်မှောင်မဲမဲထဲမှာ စာဘယ်လို ကျက်ကြမလဲ မသိဘူး” ဆိုတာလေးဖတ်ပြီး သက်ပြင်းရှည်ကြီး ချမိတယ်... မီးမလာတဲ့ ဒုက္ခက တော်တော်ကို ဆိုးပါတယ် ညီမလေးရယ်...
ရွှေမြန်မာပြည်ပဲနော် အစိုးရကောင်းတော့ အဲ့ဒီလောက် တော့ရှိမှာပေါ့နော်။ ၁၉၉၅ လောက်က အကိုလိုရင်းနှီး တဲ့သူငယ်ချင်းတယောက်ကပြောတယ် “ ခေတ်မကောင်းရင်ရူးချင်ယောင်ဆောင်နေရတယ် ” တဲ့နော် ... :)
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး
တည်ဆောက်နေတာပဲ။
အဲလောက်တော့ရှိမှာပေါ့
သည်းခံပါ
အားလုံး ဒီလိုကြီးပါပဲ ညီမရယ်
မဂ်လာပါ..
အင်း.. ဖတ်ရင်းနဲ့ အသည်းယားလိုက်တာနော်။ နာရီဝက်လာတာကိုဘဲ ကံကောင်းသလို ဖြစ်နေပြီ။ နာရီဝက် တောင်မှ မလာတဲ့ ရက်တွေ အများသားပေါ့.....
ခင်မင်စွာဖြင့်
ကိုမျိုး
ညီမရေ...
အခုနာရီဝက်ပဲလာတော့တယ်...ဟုတ်လား...???
ဟာ...ပြတ်တနာပဲ...၊ ဒွတ်ခပဲ...း((
ဘာပဲဖြစ်ဖြစ် နေကြရတာပါပဲနော်...
ဒီလိုနဲ့ပဲ.....း((
(ဟုတ်တယ်... ကလေးတွေသနားဖို့ကောင်းတယ်ဗျာ...။)
ခင်မင်တဲ့
ဏီလင်းညို
အမြဲတမ်းမီးလာတဲ့ နေရာတွေတော့ ရှိနေတယ်လေ အစ်မ... ဒါကတော့ ခြွင်းချက်လို့ ဆိုရတော့မှာပေါ့...
တကယ့်ကို ခံပြင်းဖို့ကောင်းပါတယ်ဗျာ။ c-box လိုက်ရှာတာ မတွေ့လို့ ဒီမှာပဲရေးသွားပါတယ်ခင်ဗျား
ရောက်ပါတယ်ခင်ဗျာ။ စီဘောက်စ်လေး ထားဖို့ကောင်းပါတယ်။
Post a Comment