စာထဲပေထဲမှာ မကြာခဏ တွေ့ကာ ခေါင်းထဲ စွဲနေမိသော စကားတခွန်းရှိတယ်...။
"This, too, shall pass away"
ဒါလည်း ပြီးသွားမှာပါ တဲ့။ သို့သော် တန်ခိုးရှိသည်၊ တန်ဘိုး ရှိသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ အကြောင်းတစုံတစ်ရာကြောင့် စိတ်ထဲ အနှောက်အယှက် ဖြစ်ကာ တနုံ့နုံ့ တွေးနေမိသည့် အခါမျိုးတွင် သည်စကားလေး ခေါင်းထဲပေါ်လာလျှင် စိတ်ထဲ ပေါ့ပါး သွားတတ်သည်။
သိပ်အားတက်နေ၊ ၀မ်းမြောက်နေ တစ်ကိုယ်တည်း ပီတိတွေ ဖြာနေမိသည့် အခါမျိုးမှာလည်း ကိုယ်ရှိန်သတ်နိုင်အောင် သူက သတိ ဖော်ပေးတတ်သည်။
"ဟေ့ ... သိပ်ကြည်နူးမနေနဲ့ ကိုယ့်လူ၊ ဒါလည်း အချိန်တန်ရင် ပြီးသွားမှာပါ"
တန်ဖိုးရှိလှသည့် စာကား။ လောကကြီးထဲမှာ သင့်တင့်လျှောက်ပတ်စွာ နေတတ်အောင် တခွန်းတည်းနှင့် နှစ်ဖက်နှစ်လမ်း ညှပ်ပိတ်ထိန်းထားပေးသော စကားတခွန်း။ သည်စကားကို ဘယ်သူပြောခဲ့သလဲ? သည်စကားက ပေးသော အတွေးကို ဘယ်သူစတွေးခဲ့သလဲ?
ဘတ်တလက် (John Bartlett) ရဲ့ လူသိများသော ကိုးကားစကားများ (Familiar Quotations) ကျမ်းမှာ ရှာကြည့်တော့ သုံးစွဲခဲ့သူတွေ အများအပြား ပါကလား။
" ကောင်းကင်ပြင် ကြည်စင်ချိန်မှာ
တိမ်တိုက်တွေ လာနိုင်တာ သတိထားပါ။
အမှောင်ထဲ ရှိသည့်အခါ
ပေါ်လာမည့် အလင်းရောင်ကို ငံ့လင့်ပါ။
ယနေ့ သင့်ကံကြမ္မာ မည်သို့ပင်ရှိစေ
ဒါလည်း ပြီးသွားမယ် ဆိုတာ သတိရပါ။" တဲ့
တိမ်တိုက်တွေ လာနိုင်တာ သတိထားပါ။
အမှောင်ထဲ ရှိသည့်အခါ
ပေါ်လာမည့် အလင်းရောင်ကို ငံ့လင့်ပါ။
ယနေ့ သင့်ကံကြမ္မာ မည်သို့ပင်ရှိစေ
ဒါလည်း ပြီးသွားမယ် ဆိုတာ သတိရပါ။" တဲ့
ကဗျာဆရာ (J.G Saxe) က ဒီစကားလေးက ပေးသော အတွေးကို ဖွင့်၍ ရေးခဲ့သည်။ သည်လိုပါပဲ ကဗျာဆရာ၊ ၀ထ္ထုရေးဆရာ တွေကလည်း ကဗျာစာသားများထဲမှာ ထည့်ပြီး သုံးခဲ့တယ်။ ကဗျာ ခေါင်းစဉ်တွေအဖြစ်လည်း သုံးကြတယ်။ မဆိုသလောက် ကွဲပြားကြတာလေးတွေတော့ ရှိတာပေါ့။
"This, too, will pass."
"This, too, will pass away."
"Even this shall pass away."
"All things shall pass away."
"This, too, will pass away."
"Even this shall pass away."
"All things shall pass away."
စသည်ဖြင့်ပေါ့။ အများသုံးခဲ့ကြတာ ဟုတ်ပါပြီ။ သို့သော် ဘယ်သူက စသလဲ၊ လိုက်ကြည့်တော့ ဒဏ္ဍာရီထဲ ရောက်သွားတယ်။ ပုံပြင် စတင်ထွက်ပေါ်လာတဲ့ နေရာက အနောက်အာရှ ဒေသဖြစ်တယ်။
အဲဒီပုံပြင်လေးက ................... တရံရောအခါ ရှင်ဘုရင် တစ်ပါးတည်း စိတ်ပင်ပန်း ဆင်းရဲစရာတွေ အများအပြား ကြုံရပြီးသည့်နောက် အမတ်ပညာရှိတို့အား မိမိအားကိုးပြုစရာ ဆောင်ပုဒ်တစ်ခု ရေးသားပြုစုပေးရန် တောင်းဆိုသည်။ ဆောင်ပုဒ်က လက်စွပ်တစ်ကွင်းပေါ်မှာ ရေးထွင်း၍ ရလောက်အောင်လည်း တိုရမည်၊ အောင်မြင်စဉ်ရော၊ နိမ့်ပါးစဉ်မှာပါ သုံးစွဲနိုင်တာမျိုး ဖြစ်ရမည်ဟု ဆိုသည်။ မူးမတ်တွေကလည်း ဆောင်ပုဒ်အမျိုးမျိုး တင်ပြကြတယ်။ ရှင်ဘုရင်က လက်မခံ။ အားလုံးကို ပယ်ချသည်။
နောက်ဆုံး သမီးတော်က သူမ ရွေးချယ်ထားတဲ့ ဆောင်ပုဒ်ကို မြလက်စွပ် တစ်ကွင်းပေါ်မှာ ရေးထွင်းပြီး ဆက်သတော့မှ ရှင်ဘုရင်က နှစ်သက်သဘောကျသွားတယ်။ လက်စွပ်ပေါ်မှာ အာရဗီ ဘာသာနဲ့ ရေးထွင်းထားတဲ့ စာသားရဲ့ အဓိပ္ပါယ်က "This, too, will pass." ဟူ၍ .... ဖြစ်တယ်တဲ့။
ကျမတို့လည်း ဒီစာသားလေးအတိုင်း စိတ်ဓါတ်ကျနေချိန်ပဲ ဖြစ်ဖြစ် ကြည်နှုးပျော်ရွှင်ချိန်တွေပဲ ဖြစ်ဖြစ် ဒီစကားလေးကို အမြဲတမ်း ဆောင်ထားပြီး ကိုယ့်ကိုကိုယ် သတိပေး နေထိုင်သွားတတ်အောင် ကြိုးစားကြတာပေါ့။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
ကျမတို့လည်း ဒီစာသားလေးအတိုင်း စိတ်ဓါတ်ကျနေချိန်ပဲ ဖြစ်ဖြစ် ကြည်နှုးပျော်ရွှင်ချိန်တွေပဲ ဖြစ်ဖြစ် ဒီစကားလေးကို အမြဲတမ်း ဆောင်ထားပြီး ကိုယ့်ကိုကိုယ် သတိပေး နေထိုင်သွားတတ်အောင် ကြိုးစားကြတာပေါ့။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

17 comments:
ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ အေးဆေးပဲ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်လေး ထားနိုင်ရင် အကောင်းဆုံးလို့ ထင်တယ်။ အသိပညာပေးပို့စ်လေး အတွက် ကျေးဇူး။
လှပတဲ့ ဒီဇင်ဘာနေ့တွေ ပိုင်ဆိုင်နိုင်ပါစေ
ခင်မင်တဲ့
"This, too, shall pass away"
ရှာဖွေ တင်ပြပေးတာ ကျေးဇူးတင်ပါတယ် ခဗျာ
အဲဒီစာဖတ်သမား၏ မှတ်စုများဆိုတဲ့ စာအုပ်လေးကို အရမ်းကြိုက်ခဲ့တာ..အမြဲလည်း ဖတ်ဖြစ်တယ်။ ဒါပေမယ့် ဒီကိုလာတဲ့အခါကြတော့ပါမလာတော့ဘူး။ ပြန်ဖတ်ချင်နေတုန်း ခုလိုလေး တစ်ပိုင်းတစ တင်ပေးထားတော့ ကျေးဇူးအရမ်းတင်တယ်ဗျာ
မင်္ဂလာပါ ဒဏ္ဍာရီ ရေ..
တကယ့်ကို မှတ်သားစရာ စကားတစ်ခွန်းပါဘဲ။ ဟေ့ ... သိပ်ကြည်နူးမနေနဲ့ ကိုယ့်လူ၊ ဒါလည်း အချိန်တန်ရင် ပြီးသွားမှာပါ" တဲ့။
အခုလို စာကောင်းပေမွန်လေးတွေ တစ်ကြောင်းလေးပဲဖြစ်ဖြစ် ဖတ်ရတာ၊ သိရတာ.. အရမ်းကို တန်ဖိုးရှိလှပါတယ်ဗျာ။ ဝေမျှပေးလို့ ကျေးဇူးလဲ တင်ပါတယ်..
ခင်မင်စွာဖြင့်
ကိုမျိုး
အစ်မရေ..မှတ်သားစရာ လေးတွေကို မှတ်သားသွားပါတယ်..ကျေးဇူးတင်ပါတယ်နော်း)
ဟုတ်တယ်နော်... အစ်မ..
ဒီစာသားလေးက အောင်မြင်စဉ်ရော..နိမ့်ပါးစဉ်ရော
တွေးကြည့်လိုက်တာနဲ့ ကိုယ့်စိတ်ကို ကိုယ်ထိန်းလာနိုင်တယ်...
အခုလိုဝေမျှပေးတဲ့ အစ်မကို ကျေးဇူးပါ..
ခင်မင်လေးစားလျက်...
ညီမရေ...
ဒီပို့စ်လေးအတွက်ကျေးဇူးပါလို...ပြောလိုက်ချင်ပါတယ်...။
ဝေမျှပေးထားတဲ့ အတွက်ရောပါ...။
(ဆရာဖေမြင့်က.. အကြိုက်ဆုံး...စာရေးဆရာတွေထဲက တစ်ယောက်ပဲလေ...)
အခုမှလာဖတ်ရတာ....။ အလုပ်..အလုပ်...အင်း....
ခင်မင်တဲ့...
ဏီလင်းညို
မဖတ်ဖူးတဲ့ တန်ဘိုးရှိတဲ့ စာသားတွေပါဗျာ..
ခင်မင်စွာဖြင့်
စည်သူ။
အဖိုးတန်စာသားတွေပါပဲဗျာ။ ကျွန်တော်လည်း ဆရာဖေမြင့်စာအုပ်တွေ ကြိုက်လို့တောင် စုထားတယ်။
တကယ်တန်ဖိုးရှိတဲ့ စာသားလေးပါ ကူးသွားတယ် ညီမလေးရေ
တိုတိုလေးနဲ့ အနှစ်သာရပါတဲ့ စကားလုံးလေးပါ။
စိတ်ညစ်ခြင်း ပျော်ရွှင်ခြင်းတွေ အောင်မြင်ခြင်း ကျရှုံခြင်းတွေဟာ အချိန်တခုကို ကျော်လွန်လာ ရင် ကျန်နေခဲ့တာပါပဲ။
ဒါပေမယ့် စိတ်ညစ်ချိန် ကျရှုံးချိန် ခဏလေး
ဖြစ်အောင် ပျော်ရွှင်ချိန် အောင်မြင်ချိန် အကြာ ကြီးဖြစ်အောင်တော့ အချိန်တိုင်း မိမိကိုယ်တိုင် ကြိုးစားနေရမှာပါပဲ။
...ခင်မင်သောအားဖြင့်...
This too will pass
ဒီစကားလေးကို အရမ်းကြိုက်တယ်.. တစ်ခုခု စိတ်ညစ်စရာ ကြုံလာရင် ဒီစကားနဲ့ပဲ ကိုယ့်ကိုကိုယ် ဖြေရတယ်လေ..
ကျေးဇူးပါ ဒဏ္ဍာရီ ...
ခွန်အားရတယ်။
ဒါလည်း ပြီးသွားမယ် ဆိုတာ သတိရပါ။
မှန်လိုက်လေ မမ ရေ
ကျေးဇူးပါ
အကျိုးရှိတဲ့စာကောင်း ပေမွန်တွေပါဗျာ။
အားပေးပါတယ်။
ကျနော် အရမ်းကြိုက်တဲ့ စာသားလေးပါ.။
“ That's too , will pass. ”
ကျေးဇူး။
Post a Comment