ကျမရဲ့ မကြာသေးတဲ့ ဘလောဂ့်သက်တမ်းလေးမှာ ဒုတိယမြောက် တဂ့်ပိုစ်လေး အဖြစ် ကိုဏီလင်းညို က တဂ့်လိုက်တာပါ။ ကျမရေးသမျှ စာတိုပေစလေးတွေကို အမြဲတမ်းလာဖတ်ပြီး အားပေးတတ်တဲ့ အကိုတစ်ယောက်ပါ။ ကျမအတွက်တော့ အထီးကျန်တဲ့ အချိန်တွေမှာ စာရေးပြီး ရရှိခဲ့တဲ့ ခင်မင်စရာကောင်းတဲ့ ဒီအသိုင်းအ၀န်းလေးကို တွယ်တာနေခဲ့ပါပြီ။ သတိတရနဲ့ တဂ့်ပိုစ့်လေး ရေးခွင့်ပေးတဲ့ ကိုဏီလင်းညို ကိုလည်း ကျေးဇူးတင်ပါတယ်နော်။
အတွေးနဲ့ ... တကယ်လား? ကမ္ဘာကြီး တကယ်ပျက်မှာလား? ကမ္ဘာကြီးက ၂၀၁၂ မှာ ပျက်မယ်လို့ ဆိုပေမယ့် အခုကတည်းက သူဟာ ကျန်းမာရေး ဖောက်ပြန်နေပါပြီ။ ရာသီဥတုတွေ မမှန်၊ သစ်တောတွေ ပျက်စီး၊ မုန်တိုင်းတွေကြ၊ ငလျင်တွေလှုပ် နဲ့လေ။ ဒါပေမယ့် သေချာမသိပေမယ့် ပျက်စီးမယ့် ရက်စွဲတောင် အတိအကျ ဖော်ပြနေကြပြီလေ ...။ ဒီတော့ မပျက်ခင် တစ်လ အလို ဘာတွေပြင်ဆင်ထားမလဲ?
=========================
"ကမ္ဘာမပျက်ခင် ... တစ်လအလို" တဲ့ ဒီခေါင်းစဉ်လေးကတော့ အခုတလော ဘလောဂ့်တွေမှာ မြင်တွေနေရတဲ့ဲ့ ထူးခြားပြီး နာမည်ကြီးတဲ့ တဂ့်ပိုစ့်လေးပါပဲ။ ဒီတဂ့်ပိုစ့်နဲ့ ပတ်သက်လို့ VOA မှာ အင်တာဗျူး လာသွားတာကိုလည်း နားထောင်လိုက်ရတယ်။ ဒါကြောင့် ဒီပိုစ့်လေးတွေကို ကျမ နှစ်သက်မိတဲ့ ဘလောဂ့်ကာတွေရဲ့ စာမျက်နှာတွေမှာ ဖတ်ခဲ့ဘူးပါတယ်။ ခေါင်းစဉ်လေးတူပေမယ့် ရေးထားကြတဲ့ အတွေးအခေါ် အယူအဆတွေက မတူကြဘူးလေ။ ကမ္ဘာကြီး တကယ်ပျက်မပျက်ကို အသာထားလို့ တစ်ယောက်တစ်မျိုး ရေးထားတာတွေ လိုက်ဖတ်ရတာ ဗဟုသုတ ရသလို ပျော်စရာတော့ ကောင်းသား။ တချို့က ဘာသာရေး အမြင်တွေနဲ့ မသေခင် နေတတ်၊ သေတတ်အောင် ဆုံးမထားတယ်၊ အချို့ကြတော့ လာမယ့်ဘေးပြေးတွေ့ ပေါ့ပေါ့ပါးပါး ပျော်စရာလေး ဖြစ်အောင် ကြောက်စိတ်တွေ ပေါ့သွားအောင် နှစ်သိမ့်ပေးပြီး ရေးထားကြတယ်။ အချို့ကြပြန်တော့ လူရယ်လို့ ဖြစ်တည်နေထိုင်ခွင့် ရခဲ့တဲ့ ကမ္ဘာမြေကြီးကို ကျေးဇူးတင်ပြီး ပျက်စီးသွားမှာကို စိတ်မကောင်းစွာ ရေးထားခဲ့ကြတယ်။အတွေးနဲ့ ... တကယ်လား? ကမ္ဘာကြီး တကယ်ပျက်မှာလား? ကမ္ဘာကြီးက ၂၀၁၂ မှာ ပျက်မယ်လို့ ဆိုပေမယ့် အခုကတည်းက သူဟာ ကျန်းမာရေး ဖောက်ပြန်နေပါပြီ။ ရာသီဥတုတွေ မမှန်၊ သစ်တောတွေ ပျက်စီး၊ မုန်တိုင်းတွေကြ၊ ငလျင်တွေလှုပ် နဲ့လေ။ ဒါပေမယ့် သေချာမသိပေမယ့် ပျက်စီးမယ့် ရက်စွဲတောင် အတိအကျ ဖော်ပြနေကြပြီလေ ...။ ဒီတော့ မပျက်ခင် တစ်လ အလို ဘာတွေပြင်ဆင်ထားမလဲ?
(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ…
အမှန်တော့ တကယ်ပျက်ရင် အားလုံးဟာ သေရမယ့် အတူတူ ဘယ်သူနဲ့ပဲ အတူတူရှိရှိ ဘာမှ ထူးခြား မလာနိုင်တော့ပါဘူး။ တစ်ယောက်ကို တစ်ယောက် ကူညီနိုင်မယ်လည်း မထင်ဘူးလေ။
တခါမှ မတွေ့ကြုံဘူးတဲ့ ထိပ်လန့်စရာ အဖြစ်ဆိုးကြီးကို မျက်မြင်ကိုယ်တွေ့ မြင်ရမှာဆိုတော့ ပုထုဇဉ် လူသားပီပီ ထိတ်လန့်မိမှာတော့ မလွဲမသွေပါပဲ။
လူဆိုတာ သေမျိုးချည်းပါပဲ။ ဒါ့အပြင် ကိုယ်ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ သေမယ်ဆိုတာကို မသိနိုင်ဘူးလေ။ အခုဟာက ကိုယ်သေဖို့ တစ်လ အလိုကို ကြိုသိနေမှတော့ ပြင်ဆင်စရာတွေတောင် ပြင်ဆင်ဖို့ အချိန်ရနေပါသေးတယ်။ ဒီတော့သေခါနီးမှာ စိတ်ကောင်း စေတနာကောင်းနဲ့ စိတ်ထားလေးကို ဖြူစင်အောင်ထားလို့ အေးချမ်းစွာ သေတတ်အောင် နေတတ်ဖို့ပဲ ရှိတော့တာပေါ့။
တကယ်ရင်ဆိုင်ရရင်တော့ ၀မ်းနည်းနေဖို့လည်း အချိန်မရှိတော့ဘူး။ အသက်သာဆုံး သေဖို့ပဲ ရှိတော့တယ်။
(၅) ကြောက်လန့်မိတာက…
တခုပဲရှိတယ် ... မျက်စိရှေ့မှာ သွေးရူးသွေးတန်းနဲ့ သေကြတာကို မြင်ြပီး ရူးသွားမလား ကြောက်မိတယ်။ တိုက်တန်းနစ် သဘောင်္ကြီး နစ်တုန်းကလို လူတွေ ကြောက်အားလန့်အားနဲ့ ပြေးလွှားနေတာမျိုး မမြင်ချင်ဘူး။ ဥပစ္ဆေဒကံနဲ့ သေရမှာတော့ ကြောက်တာပေါ့။ ဒီတော့ ဘယ်မှမသွားပဲ အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး နေပြီးတော့ပဲ အသေခံ သွားတော့မယ်။
လူဆိုတာ သေရင် ဘာကိုမှ ယူဆောင်သွားလို့ မရဘူးလေ။ ကိုယ်ပြုခဲ့သမျှ ကုသိုလ်၊ အကုသိုလ်သာလျှင် ကိုယ့်နောက်ကို လိုက်ပါမှာမို့ ဘာကိုမှ ဆောင်မထားတော့ပါဘူး။
(၇) ဘာတွေရေးမိမလဲ…
ဘာမှ မရေးဖြစ်တော့မှာတော့ သေချာပါတယ်။
(၈) တွေးမိတွေးရာ..
ကိုယ်လုပ်ခဲ့သမျှ ကိုသိုလ် ကောင်းမှုလေးတွေကို ပြန်မြင်ယောင်ရင်း၊ တွေးနေလိုက်တော့မယ်။
(၉) ဂုဏ်ယူချင်တာက…
ကိုယ့်ကိုကိုယ့် ဂုဏ်ယူရလောက်အောင် အထိ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့သေးဘူး။
မိဘတွေအတွက် မလိမ္မာရင်တောင် မိုက်တဲ့ သားသမီးတော့ မဖြစ်ခဲ့ပါဘူးလို့ ဖြေသိမ့်မိမယ်။
(၁၁) ကျူးရင့်ချင်တဲ့ဥဒါန်း..
မြတ်စွာဘုရား ဆုံးမခဲ့တဲ ...
"ဟန္ဒဒါနိဘိက္ခဝေ၊ အာမန္တယာမိဝေါ၊ ဝယဓမ္မာသင်္ခါရာ၊ အပ္ပမာဒေန၊ သမ္ပာဒေထ"ရုပ်နာမ် နှစ်ပါး၊ ခန္ဓာငါးပါး သင်္ခါရတရား တို့သည် ပျက်စီးခြင်း သဘောရှိကြကုန်သည်။ မမေ့မလျော့၊ မပေါ့ဆဘဲ ၀ိပဿနာ တရားဖြင့်ရှုပွားပြီး အားထုတ်နေရစ် ကြကုန်လော့ ... ။
=========================
တဂ့်ပိုစ့်လေးရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထလေးအတိုင်း ဆက်ပြီး တဂ့်လိုက်ရင် ကောင်းမယ် ထင်တယ်နော်...။ ဒဏ္ဍာရီ စာမျက်နှာကို ပထမဆုံး တဂ့်ပိုစ့်လေး ပေးခဲ့တဲ့ ညီမလေး နေ့အိမ်မက် ကို ဆက်ပြီး တဂ့်လိုက်ပါတယ်။ ညီမလေးရဲ့ အတွေးလေးကို သိချင်လိုက်တာ...! ကမ္ဘာမပျက်ခင် တစ်လအလိုမှာ ဘာတွေများ လုပ်မလဲလို့။ အချိန်ရရင် ရေးပေးအုံးနော်...။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
ကိုဏီလင်းညို ရေ ... ဒဏ္ဍာရီ ဆိုတဲ့ ဘလောဂ့်လေးပေါ်မှာ အမှတ်တရ ဖြစ်စေခဲ့တဲ့ ဒီတဂ့်ပိုစ့်လေးကို ရေးခွင့်ပေးခဲ့လို့ ၀မ်းသာမိပါတယ်။ ရေးတတ်သလောက် အတွေးလေးနဲ့ ရေးခဲ့တာကို ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
တဂ့်ပိုစ့်လေးရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထလေးအတိုင်း ဆက်ပြီး တဂ့်လိုက်ရင် ကောင်းမယ် ထင်တယ်နော်...။ ဒဏ္ဍာရီ စာမျက်နှာကို ပထမဆုံး တဂ့်ပိုစ့်လေး ပေးခဲ့တဲ့ ညီမလေး နေ့အိမ်မက် ကို ဆက်ပြီး တဂ့်လိုက်ပါတယ်။ ညီမလေးရဲ့ အတွေးလေးကို သိချင်လိုက်တာ...! ကမ္ဘာမပျက်ခင် တစ်လအလိုမှာ ဘာတွေများ လုပ်မလဲလို့။ အချိန်ရရင် ရေးပေးအုံးနော်...။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

14 comments:
"ဟန္ဒဒါနိဘိက္ခဝေ၊ အာမန္တယာမိဝေါ၊ ဝယဓမ္မာသင်္ခါရာ၊ အပ္ပမာဒေန၊ သမ္ပာဒေထ"
အကောင်းဆုံးကျုးရင့်မှုပါပဲ . . . .
တဂ်ပို့စ်လေး အားပေးသွားတယ်
အဆင်ပြေ ပျော်ရွှင်ပါစေ
မင်္ဂလာပါ..
ကမ္ဘာမပျက်ခင် တစ်လအလို.. tag ပို့စ်လေးကို လာရောက်ဖတ်ရှု့သွားပါတယ် ခင်ဗျား...
ခင်မင်စွာဖြင့်
ကိုမျိုး
အစ်မရေ..
သေသေချာချာ ဖတ်ပြီးတွေးမိတယ်...
အစ်မတွေးတာတွေက ပိုလို့တောင် လက်တွေ့ကြမယ်လို့ထင်တယ်....
ရေးထားတာတွေလည်း တော်တော်လေးကို ထိရောက်ပါတယ်....
ခင်မင်လေးစားလျက်
ညရဲ့ကောင်းကင်
ညီမလေးရေ..
အစ်မလဲ စိတ်ဝင်စားတယ် .. ညီမလေးရေးထားသလိုပဲ ဘလော့ဂ်တွေပေါ်မှာ ရသအမျိုးမျိုး ၊ ရှုထောင့် အမျိုးမျိုးကနေ အတွေးအမျိုးမျိုးနဲ့ ရေးထားတာလေးတွေကို လိုက်ဖတ်နေမိတယ်.. ညီမလေးစာလေး ဖတ်မိတော့ ကျူးရင့်ချင်တဲ့ဥဒါန်း မှာရေးထားတာလေးကို သဘောကျမိတယ် .. ပြီးတော့ တွေးကြည့်တယ် .. အစ်မလဲ ပို့စ်လေးတစ်ပုဒ်ရေးဖူးတယ် .. အဲဒါနဲ့ ပတ်သက်ပြီးပေါ့ ..ရေးထားပြီးမှ တကယ်ရော အဲဒီအချိန်ကျရင် တရားမှတ်နိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကို သံသယနဲ့ ပြန်သွားခဲ့တယ် ..း)
ညီမဒဏ္ဏာရီရေ...
ဖြေထားတာလေးတွေ...၊ ရေးထားတာလေးတွေက ရှင်းရှင်းလေးတွေနဲ့ တစ်ကယ်ကောင်းပါတယ်ဗျာ...။
အစ်ကိုတို့ထက်တော်တယ်သိလား...။
ကျူးရင့်ချင်တဲ့ ဥဒါန်းလေးက တစ်ကယ့်အနှစ်သာရရှိတယ်...။
ရေးပေးတာ..ကျေးဇူး တစ်ကယ်တင်တယ်...ညီမရေ...။ (ဘာစားမလဲပြော...။ ၀ယ်ကျွေးမယ်...။ ဈေးကြီးတာတော့ ရဘူးနော့...။)
ကျူးရင့်ချင်တဲ့ဥဒါန်းလေးက သိပ်ကိုတန်ဘိုးကြီးလှပါတယ်ညီမရေ....
ကမ္ဘာ ပျက်ကြောင်း လာဖတ်သွားရင်း ကျူးရင့်သံ တွေ နားဆင်သွားပါသည်.။
ခင်တဲ့
ညီညီ
ကျူးရင့်ချင်တဲ့ ဥဒါန်းကတော့ အကောင်းဆုံးပဲဗျ...ဘာဖြစလို့လဲဆိုတော့ ခု လူတော်တော်များများဟာ သခွရတရားရဲ့ ပျက်ဆီးခြင်းကို မေ့ထားကြတာ များတယ်လေ.... ကောင်းတယ်ဗျာ... ဒီပို့စ်လေးဖတ်ပြီး အတွေးသစ်တွေ ရမိတယ်...။ ကျေးဇူး....
အဲ... ကျွန်တော်လည်း အရင်က သေတော့မယ့် ဆယ်ရက်အလို ဆိုတဲ့ တက်ဂ်ပို့လေး တစ်ပုဒ်တော့ ရေးဖူးတယ်...
ညီမလေးရဲ့ အတွေးတွေကို လာဖတ်ပါတယ် . .
ဖတ်သွားပါတယ် ဘာပဲဖြစ်ဖြစ်စိတ်ထဲမှာ ရှိတာရေးလိုက် တော့ စိတ်ပေါ့ပါးတာပေါ့
ကမ္ဘာပျက်မယ့်အချိန် ချစ်တဲ့သူတွေနဲ့ အတူမရှိချင်ဘူး သူတို့ခံစားရမယ့် စိတ်ဝေဒနာတွေကို မကြည့်ရက်လို့လေ...ပို့စ်လေးဖတ်ပြီး စိတ်ထဲ အတွေးထဲ ၀င်သွားတယ်..
သေရင်တော့ ကိုယ်နောက်ပါမှာ ကုသိုလ် အကုသိုလ်ပဲဗျာ။
ခွိ ခုမှတဂ်ထားတာတွေ့တယ်.. ဒုက္ခော.. ခုမှထရေးရင်တော့ အချိန်လွန်မှ ထဖောက်တယ်ဆိုပြီး သူများတွေ ၀ိုင်းပြောကြတော့မယ်နဲ့တူတယ်..
ဒါနဲ့မမ မုန်တိုင်းကျ၊ ဥပစ္ဆေဒ၊ ငလျင်၊ ထိတ်လန့်၊ ပုထုဇဉ်...
:P မသောင်းကျန်းရတာကြာလို့ လာကလိသွားတာ.. :D
Post a Comment