အေးမြငြိမ့်ညောင်း ချိုသာလှတဲ့ သံစဉ်တေးသွားတွေ
ထွက်ပေါ်စေဖို့ ငါ့ရဲ့ကိုယ်ပေါ်က သံစဉ်ကြိုးလေးတွေကို
တိုက်ခတ်ရင်း ဆော့ကစားနေကြတယ်
တနေရာက ကြိုးလေးတချောင်းကို တိုက်ခတ်လိုက်တိုင်း
မတူညီတဲ့ ငါ့ရဲ့သံစဉ်တွေက လှပတဲ့ စည်းချက်လေးတွေကို
ကျူးရင့်ရင်း ငါဖန်ဆင်းပေးနိုင်ခဲ့တယ်
အိုမင်းလို့ ဟောင်းနွမ်းခဲ့ပေမယ့် သံစဉ်ကြိုးလေးတွေ
သစ်လွင်နေဆဲ ငါ့ရဲ့ သံစဉ်တိုင်းဟာ နားဆင်သူတွေကို
လန်းဆန်းရင်း အမောတွေကို ပြေစေခဲ့သူပါ။
ထွက်ပေါ်စေဖို့ ငါ့ရဲ့ကိုယ်ပေါ်က သံစဉ်ကြိုးလေးတွေကို
တိုက်ခတ်ရင်း ဆော့ကစားနေကြတယ်
တနေရာက ကြိုးလေးတချောင်းကို တိုက်ခတ်လိုက်တိုင်း
မတူညီတဲ့ ငါ့ရဲ့သံစဉ်တွေက လှပတဲ့ စည်းချက်လေးတွေကို
ကျူးရင့်ရင်း ငါဖန်ဆင်းပေးနိုင်ခဲ့တယ်
အိုမင်းလို့ ဟောင်းနွမ်းခဲ့ပေမယ့် သံစဉ်ကြိုးလေးတွေ
သစ်လွင်နေဆဲ ငါ့ရဲ့ သံစဉ်တိုင်းဟာ နားဆင်သူတွေကို
လန်းဆန်းရင်း အမောတွေကို ပြေစေခဲ့သူပါ။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

8 comments:
ညီမလေးက ကဗျာကို ကိုးကွယ်သတဲ့ လား....
ဟဲဟဲ နောက်တာပါဗျာ...
သိမ်မွေ့ နူးညံ့ တဲ့ စကားလုံးလေးတွေ ကိုဖတ်ရှုခံ
စားသွားပါတယ်...
ကျွန်တော့် ပို့ စ်တွေကို တစ်ကူးတစ်က ကွန်
မန့် ပေးလို့  ကျေးဇူးအထူးတင်ပါတယ်...
ခင်မင်လေးစားလျှက်...
Nice one, sister..
;-)
မမရေ ရှရာလုပ်တာတော့ ဟုတ်ဘူးနော်.. ငြိမ့်ငြောင်းက ငြိမ့်ညောင်းမှ အမှန်တဲ့... သံဇဉ်ကိုကျ သံစဉ်လို့ပေါင်းတယ်တဲ့. မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကပြောတာ...
ညီမလေး
ပြင်လိုက်ပြီနော်။ ရှဲ့ရှဲ
း)))
ကဗျာလေးလာဖတ်သွားတယ်...ဒဏ္ဏာရီ...။
ကဗျာရေးလည်း ကောင်း၏။
ကဗျာအရေးကောင်းတယ်ဗျာ။ စာသားတွေလည်းလှတယ်ဗျာ။
အခုမှ ဒီကဗျာလေးကိုဖတ်မိတာပါ ဒဏ္ဍာရီရဲ့ စိတ်ကူး ကကောင်းပါတယ်နော်။ တကယ် အနုပညာဆန်တယ် သေချာတာက တယောအိုတာ တယောသစ်တာက အဓိက မကြပါဘူးနော် တီးတဲ့သူအပေါ်အဓိက မူတည် ပါတယ် ဒဏ္ဍာရီရေ။
ဒဏ္ဍာရီကလည်း ကိုယ်သိထားသလောက် ကဗျာ တွေစာတွေရေးပြီး ကျနော်တို့ blogger ညီအကိုမောင် နှမတွေကို မျှဝေပေးတဲ့အတွက် အားလုံးရဲ့ ကိုယ်စား ကျနော်က ကျေးဇူးတင်ပါတယ်
တချို့ အရာတွေက ဟောင်းလေ တန်ဖိုးရှိလေ .. မပျက်စီးအောင်တော့ ထိန်းသိမ်းရမှာပေါ့နော် ..း)
Post a Comment