ကျမရဲ့ မျှော်လင့်ခြင်း ရောင်ခြည်လေးတွေ စတင်ပေါ်ထွက်လာတဲ့ အချိန်ပေါ့။ ကျမချစ်တဲ့ မိဘနဲ့ ကျမကို အားကိုးတဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကို အပြည့်အ၀ မဟုတ်သော်လည်း တနည်းနည်းတော့ ဆပ်ချင်တဲ့ ကျမရဲ့ ဆန္ဒလေး ပြည့်ဝတော့မှာမို့ အတိုင်းမသိ ၀မ်းသာကြည့်နူး နေမိပါတယ်။ ဘွဲ့ရပြီးကတည်းက ရန်ကုန်မှာ အလုပ်ကလည်း ရှာလို့မရသေး။ အင်္ဂလိပ်စာ သင်တန်းလေးကို သူငယ်ချင်းတွေနဲ့ အတူတက်ရင်း အလုပ်ရဖို့ ကြိုးစား ရှာဖွေနေခဲ့ရတာ။ အခုတော့ ကျမရဲ့ အိပ်မက်လေး အကောင်အထည် ဖော်နိုင်ဖို့ အခွင့်ရေး ရခဲ့ပြီ။ ပျော်လိုက်တာလည်း အရမ်းပေါ့။ မိဘကျေးဇူးကို ဆပ်ခွင့်ရမယ့် အပြင် ကျမရောက်ဘူးချင်သော နိုင်ငံခြားဆိုတဲ့နေရာကို သွားပြီး သူငယ်ချင်းတွေနဲ့အတူ အလုပ် လုပ်ရ ပါတော့မယ်။ သူငယ်ချင်းတွေနဲ့ လိုအပ်တာလေးတွေ လိုက်ဝယ်ကြနဲ့ပေါ့။ အတွေးနဲ့တင် ရင်တွေခုန်လို့ ညတိုင်း အိပ်မပျော်နိုင်တော့ဘူး။
မနက် စောစောထပြီး ပြင်ဆင်စရာတွေ ပြင်ဆင်၊ ယူရမယ့် စာရွက်စာတမ်းတွေကို ကိုယ်နဲ့တပါတည်း လွယ်မယ့်အိပ်ထဲမှာ သေချာထည့် အားလုံး စစ်ဆေးပြီး အသင့်ပြင်ထားလိုက်တယ်။ ဖေဖေနဲ့ မေမေကလည်း ပြုံးလို့၊ ပျော်လို့။ ကျမ ဖေဖေနဲ့ မေမေကို ထိုင်ပြီး ကန်တော့လိုက်တဲ့ အချိန်မှာတော့ ရင်ထဲမှာ ၀မ်းနည်း ၀မ်းသာနဲ့ မျက်ရည်တွေက အလိုလို စီးကျလာပါတယ်။ မေမေက ကျမခေါင်းလေးကို ဖွဖွကိုင်ရင်း လိုအပ်တာတွေ မှာနေရှာပါတယ်။ နိုင်ငံရပ်ခြားမှာ နေရင် ရတနာသုံးပါး ကိုင်းရှိုင်းဖို့နဲ့ အနန္ဒော အနန္ဒ ငါးပါးကိုလည်း မမေ့ဖို့ တဖွဖွ မှာနေရှာတယ်။ မေမေပြောသမျှကို ခေါင်းညိတ်မှတ်သားရင်း ရင်ထဲမှာလည်း မိဘကျေးဇူးကို ဆပ်နိုင်ပါစေလို့ ကျမကြိတ်ပြီး ဆုတောင်းနေမိတယ်။
"ရန်ကုန်အပြည်ပြန်ဆိုင်ရာလေဆိပ်" ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း မြင်လိုက်ရော ကျမရင်ထဲမှာ ချစ်တဲ့မိသားစုနဲ့အတူ ကျမချစ်တဲ့ မြန်မာပြည်ကို ခွဲခွါရတော့ မှာပါလားဆိုတဲ့ အသိနဲ့ ၀မ်းနည်းစိတ်ကြောင့် မျက်ရည်များက အလိုလို ၀ဲတက်လာပါတယ်။ ကျမလေ အိပ်မက် မက်နေတာ မဟုတ်ပါဘူးနော်! ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကို အားပေးရင်း လေဆိပ် အဆောက်အဦးထဲကို မေမေ့လက်ကိုဆွဲပြီး ၀င်လာခဲ့တယ်။ ဖေဖေက ကျမရဲ့ ခရီးဆောင် အိပ်ကို တွန်းရင် ပြုံးပြုံးကြီးနဲ့ သမီးကို ကျေနပ်အားရဟန်နဲ့ ကြည့်နေလေရဲ့။
လေဆိပ်ထဲ ရောက်တယ်ဆိုရင်ပဲ ကျမမျက်လုံးက ကျမသူငယ်ချင်းတွေကို လိုက်ရှာနေမိတယ်။ ဟော.. တွေ့ပါပြီ။ ကျမ သူငယ်ချင်းတွေနဲ့ အတူ လိုက်ပို့တဲ့သူတွေ အများကြီးကို ရုတ်တရက် တွေ့လိုက်ရတော့ အံ့သြသွားမိတယ်။ ဒါနဲ့ ကျမနဲ့ အရမ်းခင်တဲ့ သူငယ်ချင်း တစ်ယောက်ကို တိုးတိုးလေး မေးလိုက်မိတယ်။
"ဟဲ့ ... ငါတို့ အခုသွားရမှာ ဘယ်နှစ်ယောက်တောင်လဲဟ ... အများကြီးပဲနော်"
"အေးလေ .... စုစုပေါင်း ၁၅ ယောက်လို့ပြောတာပဲဟ"
"ဟယ် ..... ဟုတ်လား၊ ပျော်စရာကြီးတော့ .... ဒါဆို ငါတို့ ဗမာတွေချည်းပဲပေါ့နော်။ ကောင်းလိုက်တာဟယ် ... အားကိုးလို့ရတာပေါ့နော်"
"အေးပေါ့ ......... ဒါပေမယ့် စိတ်တူကိုယ်တူမှ ကောင်းမှာပေါ့ဟာ"
"အင်းနော် ...... ဒါလည်း ဟုတ်တာပဲ .... ဘာပဲ ဖြစ်ဖြစ်ဟာ သူများတိုင်းပြည်မှာ ကိုယ့်လူမျိုးအချင်းချင်း တူတူလုပ်ရရင်တော့ အားရှိမှာပေါ့ဟာ"
"ဟုတ်တယ်နော် ....... ဟဲ့ ..... ငါတို့တွေ အလုပ်နားတဲ့ ရက်ရရင် လျှောက်လည်ကြမယ်နော်.. ပျော်တော့ ပျော်စရာကြီး ... "
ကျမလည်း သူငယ်ချင်းတွေနဲ့ စကားပြောနေရာကနေ ဖေဖေနဲ့မေမေ ဆီလျှောက်သွားလိုက်ပြီး မေမေ့ကို စကားတွေပြောနေလိုက်တယ်။ ဒီလိုနဲ့ ကျမတို့ကို ဦးဆောင်တဲ့သူက အထဲဝင်ကြမယ်ဆိုပြီး လာခေါ်ပါတယ်။ ကျမလည်း ဖေဖေနဲ့ မေမေကို နှုတ်ဆက်ပြီး စာရွက်စာတမ်းတွေကို ကိုင်ရင်း သူတို့နောက် လိုက်ခဲ့ပါတော့တယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေ အပြီးမှာ ကျမတို့ ၁၅ ယောက် လေဆိပ်အတွင်းခန်းကို ၀င်ရောက်ခဲ့ပါတယ်။ ဖေဖေနဲ့ မေမေ့ကို လက်ပြနှုတ်ဆက်ရင်း မျက်ရည်တွေက ကျလာပြန်တယ်။ စိတ်ကို ပြန်တင်းရင်း မိဘကျေးဇူး ဆပ်ဖို့ ငါအလုပ် သွားလုပ်တာပဲ ဆိုတဲ့အတွေးနဲ့ ခွန်အားတွေ ပြန်မွေးလိုက်မိတယ်။
ဘာပဲပြောပြော ကျမတို့ရဲ့ စာရွက်စာတမ်းတွေက အမှန်တွေဆိုတာ သိရလို့တော့ ၀မ်းသာသွားတယ်။ ပြီးတော့ ကျမတို့ကို စင်္ကာပူမှာ အလုပ်သမား တစ်ယောက် ရသင့်တဲ့ အကျိုးခံစားခွင့်တွေ၊ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာတွေကိုလည်း သေချာရှင်းပြတယ်။ ကျမတို့လည်း မျက်စိသူငယ် နားသူငယ်နဲ့ အကိုကြီး ပြောသမျှ လိုက်မှတ်ရင်း နားထောင်နေမိတယ်။ အခုလို ကူညီရိုင်းပင်း တတ်တဲ့ စိတ်ထားနဲ့ အဲဒီ အကိုကြီးကိုလည်း ကျေးဇူး တင်လိုက်မိပါတယ်။
"ရန်ကုန်အပြည်ပြန်ဆိုင်ရာလေဆိပ်" ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း မြင်လိုက်ရော ကျမရင်ထဲမှာ ချစ်တဲ့မိသားစုနဲ့အတူ ကျမချစ်တဲ့ မြန်မာပြည်ကို ခွဲခွါရတော့ မှာပါလားဆိုတဲ့ အသိနဲ့ ၀မ်းနည်းစိတ်ကြောင့် မျက်ရည်များက အလိုလို ၀ဲတက်လာပါတယ်။ ကျမလေ အိပ်မက် မက်နေတာ မဟုတ်ပါဘူးနော်! ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကို အားပေးရင်း လေဆိပ် အဆောက်အဦးထဲကို မေမေ့လက်ကိုဆွဲပြီး ၀င်လာခဲ့တယ်။ ဖေဖေက ကျမရဲ့ ခရီးဆောင် အိပ်ကို တွန်းရင် ပြုံးပြုံးကြီးနဲ့ သမီးကို ကျေနပ်အားရဟန်နဲ့ ကြည့်နေလေရဲ့။
လေဆိပ်ထဲ ရောက်တယ်ဆိုရင်ပဲ ကျမမျက်လုံးက ကျမသူငယ်ချင်းတွေကို လိုက်ရှာနေမိတယ်။ ဟော.. တွေ့ပါပြီ။ ကျမ သူငယ်ချင်းတွေနဲ့ အတူ လိုက်ပို့တဲ့သူတွေ အများကြီးကို ရုတ်တရက် တွေ့လိုက်ရတော့ အံ့သြသွားမိတယ်။ ဒါနဲ့ ကျမနဲ့ အရမ်းခင်တဲ့ သူငယ်ချင်း တစ်ယောက်ကို တိုးတိုးလေး မေးလိုက်မိတယ်။
"ဟဲ့ ... ငါတို့ အခုသွားရမှာ ဘယ်နှစ်ယောက်တောင်လဲဟ ... အများကြီးပဲနော်"
"အေးလေ .... စုစုပေါင်း ၁၅ ယောက်လို့ပြောတာပဲဟ"
"ဟယ် ..... ဟုတ်လား၊ ပျော်စရာကြီးတော့ .... ဒါဆို ငါတို့ ဗမာတွေချည်းပဲပေါ့နော်။ ကောင်းလိုက်တာဟယ် ... အားကိုးလို့ရတာပေါ့နော်"
"အေးပေါ့ ......... ဒါပေမယ့် စိတ်တူကိုယ်တူမှ ကောင်းမှာပေါ့ဟာ"
"အင်းနော် ...... ဒါလည်း ဟုတ်တာပဲ .... ဘာပဲ ဖြစ်ဖြစ်ဟာ သူများတိုင်းပြည်မှာ ကိုယ့်လူမျိုးအချင်းချင်း တူတူလုပ်ရရင်တော့ အားရှိမှာပေါ့ဟာ"
"ဟုတ်တယ်နော် ....... ဟဲ့ ..... ငါတို့တွေ အလုပ်နားတဲ့ ရက်ရရင် လျှောက်လည်ကြမယ်နော်.. ပျော်တော့ ပျော်စရာကြီး ... "
ကျမလည်း သူငယ်ချင်းတွေနဲ့ စကားပြောနေရာကနေ ဖေဖေနဲ့မေမေ ဆီလျှောက်သွားလိုက်ပြီး မေမေ့ကို စကားတွေပြောနေလိုက်တယ်။ ဒီလိုနဲ့ ကျမတို့ကို ဦးဆောင်တဲ့သူက အထဲဝင်ကြမယ်ဆိုပြီး လာခေါ်ပါတယ်။ ကျမလည်း ဖေဖေနဲ့ မေမေကို နှုတ်ဆက်ပြီး စာရွက်စာတမ်းတွေကို ကိုင်ရင်း သူတို့နောက် လိုက်ခဲ့ပါတော့တယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေ အပြီးမှာ ကျမတို့ ၁၅ ယောက် လေဆိပ်အတွင်းခန်းကို ၀င်ရောက်ခဲ့ပါတယ်။ ဖေဖေနဲ့ မေမေ့ကို လက်ပြနှုတ်ဆက်ရင်း မျက်ရည်တွေက ကျလာပြန်တယ်။ စိတ်ကို ပြန်တင်းရင်း မိဘကျေးဇူး ဆပ်ဖို့ ငါအလုပ် သွားလုပ်တာပဲ ဆိုတဲ့အတွေးနဲ့ ခွန်အားတွေ ပြန်မွေးလိုက်မိတယ်။
------------------------------------------------------
ပထမဆုံး အကြိမ် လေယာဉ်စီးရတာရယ်၊ နိုင်ငံခြားဆိုတဲ့ အသိရယ်ကြောင့် ရင်ခုန်လိုက်တာလည်း မပြောပါနဲ့တော့။ သူငယ်ချင်းတွေနဲ့ စကားပြောရင်း လေယာဉ်ပေါ်မှာ အကိုကြီး တစ်ယောက်နဲ့ ခင်မင်ခွင့်ရလိုက်တယ်။ အဲဒီအကိုကြီးက စင်္ကာပူမှာနေတာ ကြာပြီတဲ့။ သူက PR လို့ပြောတာပဲ၊ ကျမလည်း သိပ်တော့နားမလည်ဘူး။ ဒါနဲ့ အဲဒီအကိုကြီးက ကျမတို့ကို အလုပ်လာလုပ်တာဆိုတော့ ဘာနဲ့လာတာလဲ ဘာလဲနဲ့ မေးပါတယ်။ ကျမလည်း သိပ်နားလည်အောင် မရှင်းပြတတ်တော့ ပါလာသမျှ စာရွက်တွေ ထုပ်ပြလိုက်တယ်။ အဲဒီအကိုကြီးကလည်း ကျမတို့ စာရွက်တွေကို သေချာစစ်ပေးရင်း ........ အင်း ဟုတ်တယ်.... ဒါ စင်္ကာပူက MOM လို့ခေါ်တဲ့ အလုပ်သမားရုံးက ထုပ်ပေးတဲ့ (IPA Letter) အလုပ်လုပ်ခွင့်ရကြောင်း စာပေါ့ လို့ရှင်းပြတယ်။ဘာပဲပြောပြော ကျမတို့ရဲ့ စာရွက်စာတမ်းတွေက အမှန်တွေဆိုတာ သိရလို့တော့ ၀မ်းသာသွားတယ်။ ပြီးတော့ ကျမတို့ကို စင်္ကာပူမှာ အလုပ်သမား တစ်ယောက် ရသင့်တဲ့ အကျိုးခံစားခွင့်တွေ၊ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာတွေကိုလည်း သေချာရှင်းပြတယ်။ ကျမတို့လည်း မျက်စိသူငယ် နားသူငယ်နဲ့ အကိုကြီး ပြောသမျှ လိုက်မှတ်ရင်း နားထောင်နေမိတယ်။ အခုလို ကူညီရိုင်းပင်း တတ်တဲ့ စိတ်ထားနဲ့ အဲဒီ အကိုကြီးကိုလည်း ကျေးဇူး တင်လိုက်မိပါတယ်။
စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို လေယာဉ်ကြီး ဆိုက်ရောက်ပါပြီ ဆိုတဲ့ လေယာဉ်မယ်လေးရဲ့ စကားသံနဲ့အတူ ကျမရင်မှာ အတိုင်းမသိ ပျော်ရွှင်မှုကို ခံစားလိုက်ရတယ်။ မီးရောင်စုံတွေနဲ့ လင်းလက် လှပနေတဲ့ မြင်ကွင်းက ကျမကို အံ့သြသွားစေခဲ့ပါတယ်။ ကြီးမားလှတဲ့ လေဆိပ်ကြီးပဲ ဆိုပြီးတော့လည်း ချီးကျူးလိုက်မိတယ်။ လေယာဉ်ပေါ်ကနေ ပစ္စည်းတွေ ယူပြီး ဆင်းလာကြတယ်။ သူငယ်ချင်းတွေနဲ့ အတူ ကျမတို့အဖွဲ့ ၁၅ ယောက်ဟာ ကြီးကျယ်ခန်းနားတဲ့ လေဆိပ်အပြင်အဆင်တွေနဲ့ လေဆိပ် အဆောက်အဦးကြီးထဲကို ခြေချလိုက်တယ် ဆိုရင်ပဲ ..... စကာင်္ပူမြေကို စတင်နင်းမိပြီ ဆိုတဲ့ အတွေးနဲ့ ကြည့်နှုးပီတိ ဖြစ်ရပါတယ်။
ကျမတို့ အဖွဲ့ လူစုခွဲပြီး Immigration ၀င်ပေါက်မှာ တန်းစီရပါတယ်။ ပြီးတာနဲ့ သက်ဆိုင်ရာ အရာရှိက ကျမတို့စီက လိုအပ်တဲ့ စာရွက်စာတမ်းတွေကို တစ်ယောက်ချင်းစီ စစ်ဆေးပြီး အထဲကို ၀င်ခွင့်ပေးပါတယ်။ ကျမလည်း သူငယ်ချင်းတွေကို စစ်ဆေးတာ ကြည့်ပြီး ကိုယ့်အလှည့်မှာ အဆင်သင့်ဖြစ်အောင် စာရွက်စာတမ်းတွေကို လက်မှာကိုင်ရင်း ကျမအလှည့်ကို စောင့်မျှော်နေမိတယ်။
ဒီစကားလုံးရဲ့ အဓိပ္ပါယ်ဟာ ဘယ်လိုမှ မကောင်းမှန်း နားလည်လိုက်ပါတယ်။ ကျမ အတွေးတွေက ..... ဘာလဲ .... ဘာလဲ ...."Cancel" ဆိုတာ ဘာလဲ.... နားမလည်သလို အရာရှိ မျက်နှာကို မော့ကြည့်အခိုက်မှာ သူက
"Miss. Please"
ဆိုတဲ့ ခေါ်သံအဆုံးမှာ ကျမကို သူနဲ့ လိုက်ခဲ့ဖို့ ပြောပါတယ်။ ကျမလည်း အရမ်းလန့်သွားပြီး ဘေးနားကို အားကိုးတကြီး ကြည့်လိုက်မိတယ်။ ကျမရဲ့ အခက်အခဲကို မြင်တွေ့နေပေမယ့် ကျမသူငယ်ချင်းတွေကလည်း ဘာမှနားမလည်တော့ မကူညီနိုင်ကြရှာဘူး။ ကျမ သူငယ်ချင်းတွေကလည်း စိုးရိမ် ထိတ်လန့်တဲ့ မျက်ဝန်းတွေနဲ့ပဲ ကျမကို ကြည့်နေကြတယ်။ အဲဒီအချိန်မှာပဲ လေယာဉ်ပေါ်မှာ တွေ့ခဲ့တဲ့ အကိုကြီးက ကျမနားကို ရောက်လာတယ်။ ကျမလည်း အားကိုးတကြီးနဲ့ လှမ်းခေါ်လိုက်မိတယ်။ သူကလည်း ကျမတို့နောက်ကနေ လိုက်လာပြီး အရာရှိတွေ ခေါ်လာတဲ့ အခန်းကို တပါတည်း ပါလာတယ်။
ကျမလည်း အရာရှိခေါ်ရာနောက်ကို လိုက်သွားရင်း ရုံးခန်းကြီး တခန်းထဲရောက်ခဲ့တယ်။ ရုံးခန်းထဲမှာ အရာရှိတွေ အများကြီးနဲ့ ကွန်ပျူတာတွေနဲ့ အလုပ်တွေ ရှုပ်နေကြတာတွေ့ ရတယ်။ ကျမလည်း ကြောက်ကြောက်နဲ့ မျက်ရည်တွေက ကျလာပါပြီ။ ခုန ကျမကို ခေါ်လာတဲ့ အရာရှိက နောက်ထပ် သူ့ထက်အကြီးဖြစ်မယ်ထင်တဲ့ အရာရှိကို ကျမရဲ့ အလုပ်လုပ်ခွင့် စာရွက်ကိုပြပြီး စကားတွေ ပြောနေတာတွေ့ရတယ်။ ဘာတွေပြောလဲတော့ ကျမလည်း မသိဘူး။
နောက်တော့ သူတို့ နှစ်ယောက်လုံး ကျမနားလာပြီး ကျမကို
ဒီစာရွက် ဘယ်တုန်းက ကျမလက်ထဲ ရောက်တာလဲ?
ဘာနဲ့ပို့ပေးတာလဲ?
ဘယ်သူကပို့ပေးတာလဲ?
ဘယ်ကုပ္မဏီနဲ့ လုပ်တာလဲ?
ဒီနိုင်ငံမှာ အသိမိတ်ဆွေရှိလား?
ဆိုပြီး များပြားလှတဲ့ မေးခွန်းတွေကို ဆက်တိုက်မေးပါတော့တယ်။ ကျမလည်း ကြောက်တဲ့စိတ်၊ ၀မ်းနည်းတဲ့စိတ်၊ အားငယ်တဲ့ စိတ်တွေနဲ့ ဘာမှကို မဖြေနိုင်တော့ပါဘူး။ ဒီအချိန်မှာ ခုနက အကိုကြီးက ကျမအစား ၀င်ပြီး စကားပြန် လုပ်ပေးရပါတော့တယ်။ သူတို့ပြောသမျှကို နားလည်တာတွေရော နားမလည်တာတွေရော ကျမဘာမှ မသိတော့ဘူး။ နောက်ဆုံးမှာ အကိုကြီး ပြန်ရှင်းပြ သမျှကတော့ ကျမရဲ့ IPA Letter ဟာ လွန်ခဲ့တဲ့ ၅ ရက်က Cancel လုပ်ထားပြီး ဖြစ်တဲ့ အကြောင်းပြောပါတယ်။ အဲဒီအကိုကြီးကပဲ ဖုန်းနဲ့တဆင့် ကျမတို့ကို အလုပ်ရှာပေးတဲ့ စင်္ကာပူကကုပ္မဏီကို လှမ်းပြီး ဆက်သွယ်စုံစမ်းတဲ့ အခါမှာတော့ .... ကျမတို့ အဖွဲ့ ၁၅ ယောက်ကို အလုပ်ရှာပေးတဲ့ စင်္ကာပူက ကုပ္မဏီက ရန်ကုန်က ကုပ္မဏီကို ကြိုတင် အကြောင်းထားပြီး ဖြစ်ကြောင်း၊ ရန်ကုန်က ကုပ္မဏီက ၁၄ ယောက်စာပဲ ငွေချေထားပြီး ကျမအတွက် ကျသင့်ငွေကို မပေးထားကြောင်း၊ သူတို့ ရန်ကုန်ကို e-mail, Fax စတာတွေနဲ့လည်း အကြောင်းကြားထားပေမယ့် ဘာမှ အကြောင်းမပြန်တာကြောင့် အခုလို လုပ်လိုက်ရခြင်း ဖြစ်ကြောင်း သေချာရှင်းပြသွားတယ်တဲ့။
ကျမရဲ့ ခြေတောက်တွေ ယိုင်နဲ့သွားတယ် လက်တဖက်က အိတ်ကို တင်းတင်းစုတ်ရင် လက်တဖက်က စားပွဲကို အားပြု ထောက်ထားရတယ်။ ကျမ ဘယ်လိုမှ ရည်တည်လို့ မရတော့ဘူး။ ကျမခြေထောက်တွေ မခိုင်တော့ဘူး။ ရှိသမျှ ခွန်အားတွေကို စုစည်းရင်း အကိုကြီးကို ကျမ မေးခွန်းတခု မေးလိုက်မိတယ်။
"ဒါဆို ...... အခု ကျမ ဘာဖြစ်မှာလဲ ဟင်......... သူတို့ကျမကို ဘာလုပ်မှာလဲ အကို"
"စိတ်အေးအေး ထားပါ ညီမရယ် ... သူတို့ ဘာမှ မလုပ်ပါဘူး။ ညီမကို နောက်လာမယ့် လေယာဉ်နဲ့ မြန်မာပြည်ကို ပြန်တင်ပေးလိမ့်မယ် ... အိမ်ရောက်ရင် မိဘတွေနဲ့ တိုင်ပင်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးပါ .... ညီမတို့ကို အလုပ်ရှာပေးတဲ့ ကုပ္မဏီကိုလည်း အကျိုးအကြောင်း သေချာပြောပြပြီး ပေးထားတဲ့ ငွေကို ရသလောက် ပြန်ရအောင် ဆွေနွေးပါ ညီမ ရယ်..." ဆိုပြီး အားပေးစကား ပြောရှာပါတယ်။
အကိုကြီး ပြောသမျှ၊ ရှင်းပြသမျှ ကျမ ကြားလိုက်ရတဲ့ စကားတိုင်းဟာ ကျမကိုယ်ပေါ်ကို မိုးကြိုးတွေ ဆက်တိုက် ပြစ်ချနေသလိုပါပဲ။ အကိုကြီး ရှင်းပြနေသမျှစကားတွေဟာ ကျမဘ၀တခုလုံးကို မီးသဂြိုလ်လိုက်သလို လောက်မြိုက်နေပါပြီ။ ရင်ထဲက သောကမီးတွေနဲ့အတူ မိဘနှစ်ပါးရဲ့ မျက်နှာ၊ ရှိစုမက်စုလေးကို ချိုးခြံပြီး ဖေဖေနဲ့ မေမေပေးလိုက်ရတဲ့ ပိုက်ဆံတွေ၊ မလောက်လို့ ဦးလေးမိသားစု ဆီကနေ သွားချေးထားရတဲ့ ငွေတွေ၊ ကျမ .... ကျမ ... အတွေးတွေနဲ့ သက်မဲ့ တစ်ယောက်လို ဖြစ်သွားခဲ့တယ်။ ကျမရဲ့ မျှော်လင့်ချက်တွေ၊ မိဘတွေရဲ့ မျှော်လင့်ချက်တွေ၊ ပေးစပ်ဖို့ကျန်နေသေးတဲ့ ငွေတွေ၊ ရှိသမျှအားလုံး ပုံပေးလိုက်ရတဲ့ ကျမမိဘရဲ့ အဖြစ်တွေ။ မိဘ ကျေးဇူးကို ဆပ်ချင်လို့ ရခဲ့တဲ့ အလုပ်ကို မရွေးပဲ အလုပ်လုပ်ဖို့ ရောက်ခံတဲ့ ကျမရဲ့ဘ၀၊ ကျမကို မျှော်လင့်ချက်တွေနဲ့ ကြည့်ခဲ့တဲ့ မိဘနှစ်ပါးရဲ့ မျက်ဝန်းတွေ ... ၀မ်းနည်း ကြေကွဲမှုတွေက ကျမအတွက် ဖော်ပြစရာ စကားလုံးတောင် မရှိတော့ပါဘူး။ ဆုံးရှုံးခဲ့သမျှတွေကို ကျမဘာနဲ့ ပြန်ဆပ်ရတော့မှာလဲ ...? မျော်လင့်ခြင်းတွေဟာ အခုတော့ ..... အခုတော့..... ဒါတွေ အားလုံးဟာ ကျမရဲ့ဘ၀၊ ကျမ မိသားစုဘ၀ တစ်ခုလုံးနဲ့ ရင်းပြီး မမျှော်လင့်ပဲ ကျရောက်လာတဲ့ ကြမ္မာဆိုးတခုပါပဲ။
မှတ်ချက် ။ ။ ဒီအဖြစ်အပျက်လေးဟာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ စင်္ကာပူနိုင်ငံကို အိမ်ဖော် အဖြစ် လာပြီး အလုပ်လုပ်ဖို့ ရောက်လာခဲ့တဲ့ မိန်းခလေး တယောက်အကြောင်းကို ဖြစ်ရပ်မှန်ဝထ္ထု အဖြစ် ခံစားတင်ပြထားခြင်း ဖြစ်ပါတယ်။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
ကျမတို့ အဖွဲ့ လူစုခွဲပြီး Immigration ၀င်ပေါက်မှာ တန်းစီရပါတယ်။ ပြီးတာနဲ့ သက်ဆိုင်ရာ အရာရှိက ကျမတို့စီက လိုအပ်တဲ့ စာရွက်စာတမ်းတွေကို တစ်ယောက်ချင်းစီ စစ်ဆေးပြီး အထဲကို ၀င်ခွင့်ပေးပါတယ်။ ကျမလည်း သူငယ်ချင်းတွေကို စစ်ဆေးတာ ကြည့်ပြီး ကိုယ့်အလှည့်မှာ အဆင်သင့်ဖြစ်အောင် စာရွက်စာတမ်းတွေကို လက်မှာကိုင်ရင်း ကျမအလှည့်ကို စောင့်မျှော်နေမိတယ်။
------------------------------------------------------
ရောက်ပါပြီ၊ အခု ကျမအလှည့်။ ကျမရဲ့ စာရွက်စာတမ်းတွေကို ရှေ့က သူငယ်ချင်းတွေ စစ်ဆေးသလိုပဲ စစ်ဆေးနေပါတယ်။ ဒါပေမယ့် အရာရှိက ကျမကို သေချာကြည့်လိုက် စာရွက်စာတမ်းကို သေချဖတ်လိုက် ကွန်ပျူတာကို ထပ်ခါ ထပ်ခါ ရိုက်လိုက် လုပ်နေပါတယ်။ သူများတွေတုန်းက ခဏလေး င့ါအလှည့်မှ ဘာဖြစ်လို့ ဒီလောက် ကြာရသလဲဆိုပြီး စိတ်လည်း ပူလာပါတယ်။ ခဏနေတော့ အရာရှိက ဖုန်းလှမ်းဆက်ပါတယ်။ အင်္ဂလိပ်စာကို နားလည်ပေမယ့် သူတို့ပြောတဲ့ လေယူလေသိမ်းကို နားရည်မ၀တာကြောင့် သေချာမသိလိုက်ပါဘူး။ နားလည်လိုက်တာ တခုကတော့ "Cancel" ဆိုတဲ့ စကားလုံးလေး တစ်လုံးပါပဲ။ဒီစကားလုံးရဲ့ အဓိပ္ပါယ်ဟာ ဘယ်လိုမှ မကောင်းမှန်း နားလည်လိုက်ပါတယ်။ ကျမ အတွေးတွေက ..... ဘာလဲ .... ဘာလဲ ...."Cancel" ဆိုတာ ဘာလဲ.... နားမလည်သလို အရာရှိ မျက်နှာကို မော့ကြည့်အခိုက်မှာ သူက
"Miss. Please"
ဆိုတဲ့ ခေါ်သံအဆုံးမှာ ကျမကို သူနဲ့ လိုက်ခဲ့ဖို့ ပြောပါတယ်။ ကျမလည်း အရမ်းလန့်သွားပြီး ဘေးနားကို အားကိုးတကြီး ကြည့်လိုက်မိတယ်။ ကျမရဲ့ အခက်အခဲကို မြင်တွေ့နေပေမယ့် ကျမသူငယ်ချင်းတွေကလည်း ဘာမှနားမလည်တော့ မကူညီနိုင်ကြရှာဘူး။ ကျမ သူငယ်ချင်းတွေကလည်း စိုးရိမ် ထိတ်လန့်တဲ့ မျက်ဝန်းတွေနဲ့ပဲ ကျမကို ကြည့်နေကြတယ်။ အဲဒီအချိန်မှာပဲ လေယာဉ်ပေါ်မှာ တွေ့ခဲ့တဲ့ အကိုကြီးက ကျမနားကို ရောက်လာတယ်။ ကျမလည်း အားကိုးတကြီးနဲ့ လှမ်းခေါ်လိုက်မိတယ်။ သူကလည်း ကျမတို့နောက်ကနေ လိုက်လာပြီး အရာရှိတွေ ခေါ်လာတဲ့ အခန်းကို တပါတည်း ပါလာတယ်။
ကျမလည်း အရာရှိခေါ်ရာနောက်ကို လိုက်သွားရင်း ရုံးခန်းကြီး တခန်းထဲရောက်ခဲ့တယ်။ ရုံးခန်းထဲမှာ အရာရှိတွေ အများကြီးနဲ့ ကွန်ပျူတာတွေနဲ့ အလုပ်တွေ ရှုပ်နေကြတာတွေ့ ရတယ်။ ကျမလည်း ကြောက်ကြောက်နဲ့ မျက်ရည်တွေက ကျလာပါပြီ။ ခုန ကျမကို ခေါ်လာတဲ့ အရာရှိက နောက်ထပ် သူ့ထက်အကြီးဖြစ်မယ်ထင်တဲ့ အရာရှိကို ကျမရဲ့ အလုပ်လုပ်ခွင့် စာရွက်ကိုပြပြီး စကားတွေ ပြောနေတာတွေ့ရတယ်။ ဘာတွေပြောလဲတော့ ကျမလည်း မသိဘူး။
နောက်တော့ သူတို့ နှစ်ယောက်လုံး ကျမနားလာပြီး ကျမကို
ဒီစာရွက် ဘယ်တုန်းက ကျမလက်ထဲ ရောက်တာလဲ?
ဘာနဲ့ပို့ပေးတာလဲ?
ဘယ်သူကပို့ပေးတာလဲ?
ဘယ်ကုပ္မဏီနဲ့ လုပ်တာလဲ?
ဒီနိုင်ငံမှာ အသိမိတ်ဆွေရှိလား?
ဆိုပြီး များပြားလှတဲ့ မေးခွန်းတွေကို ဆက်တိုက်မေးပါတော့တယ်။ ကျမလည်း ကြောက်တဲ့စိတ်၊ ၀မ်းနည်းတဲ့စိတ်၊ အားငယ်တဲ့ စိတ်တွေနဲ့ ဘာမှကို မဖြေနိုင်တော့ပါဘူး။ ဒီအချိန်မှာ ခုနက အကိုကြီးက ကျမအစား ၀င်ပြီး စကားပြန် လုပ်ပေးရပါတော့တယ်။ သူတို့ပြောသမျှကို နားလည်တာတွေရော နားမလည်တာတွေရော ကျမဘာမှ မသိတော့ဘူး။ နောက်ဆုံးမှာ အကိုကြီး ပြန်ရှင်းပြ သမျှကတော့ ကျမရဲ့ IPA Letter ဟာ လွန်ခဲ့တဲ့ ၅ ရက်က Cancel လုပ်ထားပြီး ဖြစ်တဲ့ အကြောင်းပြောပါတယ်။ အဲဒီအကိုကြီးကပဲ ဖုန်းနဲ့တဆင့် ကျမတို့ကို အလုပ်ရှာပေးတဲ့ စင်္ကာပူကကုပ္မဏီကို လှမ်းပြီး ဆက်သွယ်စုံစမ်းတဲ့ အခါမှာတော့ .... ကျမတို့ အဖွဲ့ ၁၅ ယောက်ကို အလုပ်ရှာပေးတဲ့ စင်္ကာပူက ကုပ္မဏီက ရန်ကုန်က ကုပ္မဏီကို ကြိုတင် အကြောင်းထားပြီး ဖြစ်ကြောင်း၊ ရန်ကုန်က ကုပ္မဏီက ၁၄ ယောက်စာပဲ ငွေချေထားပြီး ကျမအတွက် ကျသင့်ငွေကို မပေးထားကြောင်း၊ သူတို့ ရန်ကုန်ကို e-mail, Fax စတာတွေနဲ့လည်း အကြောင်းကြားထားပေမယ့် ဘာမှ အကြောင်းမပြန်တာကြောင့် အခုလို လုပ်လိုက်ရခြင်း ဖြစ်ကြောင်း သေချာရှင်းပြသွားတယ်တဲ့။
ကျမရဲ့ ခြေတောက်တွေ ယိုင်နဲ့သွားတယ် လက်တဖက်က အိတ်ကို တင်းတင်းစုတ်ရင် လက်တဖက်က စားပွဲကို အားပြု ထောက်ထားရတယ်။ ကျမ ဘယ်လိုမှ ရည်တည်လို့ မရတော့ဘူး။ ကျမခြေထောက်တွေ မခိုင်တော့ဘူး။ ရှိသမျှ ခွန်အားတွေကို စုစည်းရင်း အကိုကြီးကို ကျမ မေးခွန်းတခု မေးလိုက်မိတယ်။
"ဒါဆို ...... အခု ကျမ ဘာဖြစ်မှာလဲ ဟင်......... သူတို့ကျမကို ဘာလုပ်မှာလဲ အကို"
"စိတ်အေးအေး ထားပါ ညီမရယ် ... သူတို့ ဘာမှ မလုပ်ပါဘူး။ ညီမကို နောက်လာမယ့် လေယာဉ်နဲ့ မြန်မာပြည်ကို ပြန်တင်ပေးလိမ့်မယ် ... အိမ်ရောက်ရင် မိဘတွေနဲ့ တိုင်ပင်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးပါ .... ညီမတို့ကို အလုပ်ရှာပေးတဲ့ ကုပ္မဏီကိုလည်း အကျိုးအကြောင်း သေချာပြောပြပြီး ပေးထားတဲ့ ငွေကို ရသလောက် ပြန်ရအောင် ဆွေနွေးပါ ညီမ ရယ်..." ဆိုပြီး အားပေးစကား ပြောရှာပါတယ်။
အကိုကြီး ပြောသမျှ၊ ရှင်းပြသမျှ ကျမ ကြားလိုက်ရတဲ့ စကားတိုင်းဟာ ကျမကိုယ်ပေါ်ကို မိုးကြိုးတွေ ဆက်တိုက် ပြစ်ချနေသလိုပါပဲ။ အကိုကြီး ရှင်းပြနေသမျှစကားတွေဟာ ကျမဘ၀တခုလုံးကို မီးသဂြိုလ်လိုက်သလို လောက်မြိုက်နေပါပြီ။ ရင်ထဲက သောကမီးတွေနဲ့အတူ မိဘနှစ်ပါးရဲ့ မျက်နှာ၊ ရှိစုမက်စုလေးကို ချိုးခြံပြီး ဖေဖေနဲ့ မေမေပေးလိုက်ရတဲ့ ပိုက်ဆံတွေ၊ မလောက်လို့ ဦးလေးမိသားစု ဆီကနေ သွားချေးထားရတဲ့ ငွေတွေ၊ ကျမ .... ကျမ ... အတွေးတွေနဲ့ သက်မဲ့ တစ်ယောက်လို ဖြစ်သွားခဲ့တယ်။ ကျမရဲ့ မျှော်လင့်ချက်တွေ၊ မိဘတွေရဲ့ မျှော်လင့်ချက်တွေ၊ ပေးစပ်ဖို့ကျန်နေသေးတဲ့ ငွေတွေ၊ ရှိသမျှအားလုံး ပုံပေးလိုက်ရတဲ့ ကျမမိဘရဲ့ အဖြစ်တွေ။ မိဘ ကျေးဇူးကို ဆပ်ချင်လို့ ရခဲ့တဲ့ အလုပ်ကို မရွေးပဲ အလုပ်လုပ်ဖို့ ရောက်ခံတဲ့ ကျမရဲ့ဘ၀၊ ကျမကို မျှော်လင့်ချက်တွေနဲ့ ကြည့်ခဲ့တဲ့ မိဘနှစ်ပါးရဲ့ မျက်ဝန်းတွေ ... ၀မ်းနည်း ကြေကွဲမှုတွေက ကျမအတွက် ဖော်ပြစရာ စကားလုံးတောင် မရှိတော့ပါဘူး။ ဆုံးရှုံးခဲ့သမျှတွေကို ကျမဘာနဲ့ ပြန်ဆပ်ရတော့မှာလဲ ...? မျော်လင့်ခြင်းတွေဟာ အခုတော့ ..... အခုတော့..... ဒါတွေ အားလုံးဟာ ကျမရဲ့ဘ၀၊ ကျမ မိသားစုဘ၀ တစ်ခုလုံးနဲ့ ရင်းပြီး မမျှော်လင့်ပဲ ကျရောက်လာတဲ့ ကြမ္မာဆိုးတခုပါပဲ။
မှတ်ချက် ။ ။ ဒီအဖြစ်အပျက်လေးဟာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ စင်္ကာပူနိုင်ငံကို အိမ်ဖော် အဖြစ် လာပြီး အလုပ်လုပ်ဖို့ ရောက်လာခဲ့တဲ့ မိန်းခလေး တယောက်အကြောင်းကို ဖြစ်ရပ်မှန်ဝထ္ထု အဖြစ် ခံစားတင်ပြထားခြင်း ဖြစ်ပါတယ်။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

18 comments:
ပထမဆုံးအကြိမ်အလည်လာတာပါ..စာအရေးအသားကောင်းလို့ အဆုံးထိဖတ်ဖြစ်သွားပါတယ်။ မြန်မာအချင်းချင်း ခေါင်းပုံဖြတ်တာတွေ ကင်းဝေးပါစေ..
အင်း...
မောလိုက်တာကွား..
စာအရေးအသားအရမ်းကိုကောင်းပါတယ်
သရုပ်ဖော်ပုံလည်း ကောင်းတယ်..
အင်းပေါ့လေ..
ဖြစ်တတ်ပါပေတယ်..
ဒါမျိုးက မြန်မာပြည်မှာ အရမ်းကိုခေတ်စားနေတာလေ အခုလို တင်ပြသွားတော့ ဖတ်ရတဲ့သူတွေ လက်ဆင့်ကမ်းလိုက်မယ်ဆိုရင် နောင်လာသူတွေအတွက် အရမ်းကို အကြိုးရှိပါတယ်
ခင်မင်စွာဖြင့်
စည်သူ
သတိပေးတဲ့ ပိုစ့်လေးပဲ
တကယ်ကောင်းတယ်။
အရေးအသားလည်းကောင်းတယ်။
ဖတ်တဲ့ လူကို ဆွဲဆောင်သွားနိုင်တယ်။
အိမ်လာလည်တဲ့ အတွက်လည်း ကျေးဇူးတင်တယ်။
ခင်တဲ့ ရီနို
စာလေးတွေဖတ်သွားပါတယ်..
အရမ်းကိုကောင်းပါတယ်..
အထူးသဖြင့် မိဘရဲ့လောင်းရိပ်အောက်မှာ နေကျင့်ရှိတဲ့ သိမ်မွေ့တဲ့မြန်မာမိန်းခလေးတွေအတွက်..ပထမဦးဆုံးကြုံတွေ့လိုက်ရတဲ့..ပြည်ပအတွေ့အကြုံဟာ..သူတို့ရဲ့ပထမဦးဆုံး..“ဘဝရဲ့တိုက်ပွဲအစ”ပါပဲ..။
ဒီလိုလိမ်လည်မှုတွေက ရှောင်ကွင်းနိုင်ကြပါစေ..။
ကျွန်တော်ကိုယ်တိုင်လည်းကြုံတွေ့ခဲ့ဖူးပါတယ်. အကြိမ်ကြိမ်လည်း ကူညီခဲ့ပါတယ်. အသိတရားနည်းနေသေးတဲ့ သူတွေကို အသိရော ပညာရော လူရည်ရော ပါးနပ်ကြတဲ့ သူတွေက လိမ်လည်ပြီး ကိုယ်ကျိုးစီးပွါးအတွက် ခေါင်းပုံဖြတ်ကြတယ်။ မြန်မာလူမျိုးအချင်ချင်း အမြီးကျက် အမြီးစားတဲ့ လူတွေကို အရမ်းမုန်းတယ်ဗျာ. ကျွန်တော်တို့နဲ့ ကြုံခဲ့ရတဲ့ မြန်မာအစ်မလေးဆို ကျွန်တော်တို့နဲ့တွေ့တော့ မသေရုံတစ်မယ်ပဲကျန်တော့ပါတယ်. သူဒုက္ခရောက်နေပြီလို့ မြန်မာပြည်ဘက်က ပွဲစားကို လှမ်းအကြောင်းကြားတာ ကို ပြန်လာနိုင်ဘို့မစီစဉ်ပေးတဲ့ အပြင် သူ့ကိုပါ တစ်ပြန်လည်း ပြန်စွပ်စွဲပါသေးတယ်. အလုပ်မလုပ်ချင်လို့သာလျှင် လျှောက်ပြောနေပါတယ်.ဆိုပြီးတော့လေ ..တော်တော်တရားကျဘို့ကောင်းလှပါတယ်.. မသိသေးသော လာလတ္တံ့ သော မြန်မာပြည်မှ အိမ်ဖေါ်အနေနှင့်လာရန် စီစဉ်နေသူ မြန်မာမိန်းကလေးများအား အခြေနေအရပ်ရပ်အား အသေအချာ သုံးသပ်ပြီးမှ လာကြဘို့ တတ်နိုင်သလောက် တိုက်တွန်းပေးကြပါ.
အခုလို အသိပညာပေးအနေနဲ့ ရေးပေးသော မဒဏ္ဍာရီ အားကျေးဇူးတင်ပါတယ်. ကျွန်တော်ရေးချင်နေသော ပိုစ့် တစ်ပုဒ်ဖြစ်ပါသည်။
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
စိတ်မကောင်းလိုက်တာ...:(
စာလေးကောင်းလိုက်တာ ညီမလေး။ စေတနာရည်ညွန်းချက်ရော။တင်ပြပုံရော ကောင်းလိုက်တာ။
အင်း..............................
ဟူး..........................................
အင်း.................................
ဖူးးးးးးးးးးးးးးး
ဖတ်ရတာ မောသွားတာဘဲ။ ညီမကိုယ်တိုင်ရဲ့  အတွေ့အကြုံကို ရေးထားတယ်မှတ်နေတာ။
မှတ်ချက်ကလေး ဖတ်လိုက်ရမှ ရှင်းသွားတယ်။ ဘာဘဲဖြစ်ဖြစ်ပေါ့လေ။ အဖြစ်မှန်ဆိုတော့လဲ စိတ်မကောင်းပါဘူး။
ညီမတင်ပြပုံကလဲ အရမ်းကောင်းတော့ ဖတ်ရတာ ရသအပြည့်ရှိပါတယ်။
ထပ်တူခံစားသွားရပါတယ်...
ဒီလိုပဲ ဘဝစဖို့ ဆုံးဖြတ်လိုက်ကတည်းက တောက်လျှောက်ဖြစ်လာတဲ့ ဒုက္ခတွေ
ခုထိ တပွေတပိုက်နဲ့ပေါ့
အိုး.. ဘာပြောရမှန်းတောင်မသိပါဘူး.. ပထမဆုံးအကြိမ်လာဖြစ်တာပေမဲ့ မမစာအရေးအသားကကောင်းလွန်းလို့... မျောသွားတယ်.. ဒါမျိုးတွေက ထပ်မကြားချင်လည်း ဖြစ်နေကြဦးမှာပဲနော်...
အခုမှ ကွန်မန့်ရေးဖြစ်တာပါ...။
စာရေးကောင်းတယ်...ဒဏ္ဏာရီ....
အားပေးနေပါတယ်ခင်ဗျာ...
ဒီလိုမျိုးတွေ ခဏခဏကြားနေ၇ပေမယ့် အခုထပ်ဖတ် ရတော့လည်း စိတ်မကောင်း ဖြစ်မိတာပါပဲ ....။
စာရေးအသားကောင်းပါတယ်။
စိတ်မကောင်းဖြစ်မိတာထက် ရန်ကုန်က ယုတ်မာတဲ့အေ့ဂျင့်တစ်ချို့ကိုဒေါသထွက်မိတယ်။
ဒီလို ဒုက္ခရောက်တဲ့မိန်းကလေးတွေ သိပ်ကိုများနေပါပြီ။
လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
ပွဲစားတွေရဲ့ လုပ်ရပ်ကတော့ ဒီအတိုင်းချည်းပါပဲ။ တိုင်းတပါးမှာ ကိုယ့်မြန်မာအမျိုးသမီးလေးတွေ အိမ်ဖော်အဖြစ် ရပ်တည်နေရခြင်း မှ အမြန်ပပျောက်ပါစေလို့ပဲ ဆန္ဒပြုပါတယ်။
မိုးမောင်
ဒဏ္ဍာရီရေးတာ တကယ်ကို ကွက်ကွက်ကွင်းကွင်းနဲ့ထိမိပါတယ် သနားပါတယ် မိန်းကလေးတော့ :(
ဖြစ်အင်ရယ် ဆိုးရွားလိုက်တာနော်။ဒီလို ဗမာလူမျိုးတွေ ဘယ်နှစ်ယောက်လောက် လှည့်ပြန်ခဲ့ရတယ်မသိဘူး။
Post a Comment